♦️ မိမိရင်သွေးကို
ငယ်ငယ်ရွယ်ရွယ် ကတည်းက အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့
အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အခက်အခဲ မရှိစေလိုတဲ့
မိဘများအတွက်
#ActiveEnglish သင်တန်း ရဲ့ "Young Learner Class" ကနေ
ကူညီ ပေးပါရစေဗျာ ။
🙂
သင်တန်းအကြောင်း အပြည့်အစုံကို
အောက်မှာ ဆက်လက် ဖတ်ရှူနိုင်ပြီး
ထပ်သိချင်တာတွေ ရှိရင်
ဖုန်း 09 261008186 / 09 2522 74890 တို့ကို
ဆက်သွယ် စုံစမ်းနိုင်ပါတယ်ဗျာ ။
🙂
👉👉👉
ဆယ်တန်းအောင်ပြီးမှ ၊ ဘွဲ့ရပြီးမှ
အင်္ဂလိပ်စာ အခြေခံမခိုင်လို့
မျက်နှာငယ်ငယ်နဲ့
သင်တန်းတွေ လိုက်စမ်းတက်ကြည့်ရတာမျိုး
ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဖြစ်စေချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
အသက် ရလာမှ အစကနေ ပြန်ပြန်စနေရတာထက်စာရင်
ငယ်ငယ်ကတည်းက အခြေခိုင်ခိုင် နဲ့
အင်္ဂလိပ်စာ ကို ကြောက်စရာလို့ မမြင်ပဲ
ကိုယ့် ဘဝတက်လမ်း အတွက်
အသုံးချစရာ လှေကား တစ်ခုလို့ပဲ မြင်လာအောင်
ကျွန်တော်တို့ သင်တန်းက ကူညီပေးချင်ပါတယ် ။
ငွေကုန်ကြေးကျ အရမ်း မများပဲ ရေရှည် တက်နိုင်အောင် ၊
အင်္ဂလိပ်စာကို စိတ်ဝင်တစား ကိုယ့်ဘာသာကိုယ် ဆက်လေ့လာသင်ယူချင်စိတ်ပေါက်သွားအောင် ၊
အခြေခံ သိသင့်သိထိုက်တာတွေ ပိုင်ပိုင်နိုင်နိုင်သိပြီး
အထက် အဆင့်ဆင့် ဆက်လေ့လာရာမှာ
ပိုမိုလွယ်ကူသွားအောင် ၊
တတ်စွမ်းသလောက် လမ်းပြသင်ကြားပေးဖို့
ရည်ရွယ်ထားပါတယ် ။
အဓိက ပြောချင်တာကတော့ ဒီသင်တန်းလေးဟာ
" ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်း "
ဆိုတာမျိုး ခါတော်မီ သင်တန်းမျိုး မဟုတ်ပါဘူး ။ 🙂
#ActiveEnglishသင်တန်း ဖွင့်ခဲ့တဲ့ ကာလ တစ်လျှောက်
မိဘတွေရဲ့ တောင်းဆိုမှုတွေ အကြိမ်ပေါင်းများစွာရှိခဲ့ပေမယ့်
ကျွန်တော်တို့ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကနေ
သွေဖယ် အားလျော့မှာစိုးလို့
ဒီလို ၅ နှစ်ကနေ ၁၃ နှစ်အရွယ်ကလေးတွေ အတွက် သင်တန်းမျိုး မဖွင့်ခဲ့ပါဘူး ။
အခုမှ အကြိမ်ကြိမ် အခါခါ သေချာ စဉ်းစားစီစဉ်ပြီးမှ
" ဖရိုဖရဲ အင်္ဂလိပ်စာ အခြေခံ " တွေနဲ့
ကိုယ့်ဆီကို ရောက်လာနေတာကို
ကိုယ်ချင်းစာ သတိထားမိလာပြီး မနေနိုင်တော့လို့
သေသေချာချာ ပြင်ဆင်ပြီးမှ
၂၀၁၆ ၊ ၁၁ လပိုင်းက စတင်ပြီး ဒီလို သင်တန်းမျိုးကို
ထပ်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ် ။
ဒါကြောင့် နွေရာသီ ပြီးဆုံးချိန်မှာလည်း ကလေးတွေ
အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု မပြတ်သွားအောင် ...
အင်္ဂလိပ်ဘာသာစကား စွမ်းရည်
ပုံမှန်တိုးတက်မှု ရှိနေအောင် ...
ကျောင်းချိန်လွတ် စနေ ၊ တနင်္ဂနွေတန်းခွဲတွေ ဆက်လက် ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ် ။
🙂
ကလေးတွေကို ယေဘူယအားဖြင့်
အသက် ၅ နှစ်ကနေ ၇ နှစ် ၊
အသက် ၈ နှစ်ကနေ ၁၀ နှစ် ၊
အသက် ၁၁ နှစ်ကနေ ၁၃ နှစ် ဆိုပြီး ၃ တန်းခွဲ သင်ပေးဖို့
အကြမ်းဖျဉ်းအားဖြင့် စီစဉ်ထားပါတယ် ။
သင်တန်းလာအပ်တဲ့ ကလေးတိုင်းကို
အရင်ဆုံး Level စစ်တဲ့ စာမေးပွဲလေး ဖြေဆိုခိုင်းမှာ ဖြစ်ပြီး
အဲ့ဒီ ရလာဒ်ပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ အတန်းမှာ တက်ရောက်ဖို့
တိုက်တွန်း အကြံပြုပေးမှာ ဖြစ်ပါတယ် ။
♦ သင်ရိုး နှင့် သင်ကြားမှု ပုံစံ ♦
*** Oxford တက္ကသိုလ် က ထုတ်ဝေထားတဲ့ သင်ရိုးကို ***
အဓိက အခြေခံ သင်ကြားပေးမှာဖြစ်ပြီး
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အခြားလိုအပ်တာတွေကိုလည်း
ထပ်မံအားဖြည့် ပေါင်းထည့် သင်ကြား
လေ့ကျင့်ပေးသွားမှာပါ ။
အပြန်အလှန် စကားပြောခန်းတွေ ၊
အမေးအဖြေလုပ်တာတွေ ၊
သီချင်းတွေ ၊ သံစဉ်တွေနဲ့ တွဲဖက် သင်ကြားပေးတာတွေ ၊
ဂိမ်း နဲ့ လှုပ်လှုပ်ရှားရှား ဆောင်ရွက်ရတာတွေ ၊
အသံ နဲ့ ဗီဒီယို တွဲဖက်သင်ကြားမှုတွေ
ပါဝင်မှာ ဖြစ်ပါတယ် ။
♦
ကလေးတွေကို အင်္ဂလိပ် ဘာသာစကား စွမ်းရည်
တိုးတက်ဖို့တင်မကပဲ
စိတ်ဓာတ် နဲ့ အတွေးအခေါ် တိုးတက်ဖို့လည်း
တတ်နိုင်သလောက်
ပူးတွဲ သင်ပြပေးသွားပါမယ် ။
( လိုအပ်ရင် ကလေးတွေကို ဆုံးမ ပါမယ် ။
ဆုပေး ဒဏ်ပေး လုပ်ပါမယ် ။
ကိုယ့်ကလေးကို သက်ဆိုင်ရာ ဆရာ/ဆရာမ က
လိုအပ်လို့ ဆုံးမတာမျိုးကို မကြိုက်ဘူး ဆိုရင်
ကျွန်တော်တို့ သင်တန်းနဲ့တော့
ကိုက်မှာ မဟုတ်ပါဘူး ခင်ဗျာ ။
ဆုံးမတယ် ဆိုတာ အရမ်းကာရော စွတ်ရိုက်နေတာကို
ပြောတာကို မဟုတ်ပါဘူးနော် .... 😀
ကလေး တစ်ယောက်ယောက်က ဆရာ/ဆရာမတွေကို ၊
ကိုယ့်ထက် အသက် ကြီးသူတွေကို ရိုသေ ၊
လေးစားရကောင်းမှန်းမသိတာမျိုး ၊
အတန်းထဲက တခြား စာသင်ဖော်တွေ
စိတ်အနှောင့်အယှက်ဖြစ်အောင်
တမင်လိုက်လုပ်နေတာမျိုးတွေ ရှိလာရင်
လိုအပ်သလို ပြောဆို ဆုံးမ တည့်မတ်
ပြုပြင်ပေးသွားမှာပါ ။ )
♦ ဘယ် Level ကို တက်သင့်လဲ ♦
အသက်အရွယ် နဲ့ ဘာသာစကားအခြေခံပေါ်မူတည်ပြီး
Level အလိုက် တန်းခွဲတွေ ခွဲပေးပြီး သင်ကြားပေးမှာဖြစ်လို့
သင်တန်းမတက်ခင်မှာ
ဘယ် Level ကို တက်သင့်လဲ ဆိုတာကို
စစ်ဆေးမယ့် Placement Test ဖြေဆိုရမှာ ဖြစ်ပါတယ် ။
♦ သင်တန်းကာလ နှင့် သင်တန်းကြေး ♦
သင်တန်းကာလ Level တစ်ခု အနေနဲ့
- စနေ ၊ တနင်္ဂနွေ တစ်ပတ် ၂ရက် အတန်းကို
တက်ရောက်ပါက
သင်တန်းကာလ ၄ လ ကြာမှာ ဖြစ်ပါတယ်။
၁ လ ချင်း ခွဲပြီးတော့လည်း အပ်နှံတက်ရောက် နိုင်ပါတယ် ။
Level တစ်ခုစာ ( စာသင်ရက် ၃၂ ရက် ၊ စာသင်ချိန် ၆၄ နာရီ ) အတွက် အပြတ် အပ်နှံမယ် ဆိုရင်တော့
👉 ကိုးသောင်းခွဲ သာ ကျသင့်မှာ ဖြစ်ပြီး
၁ လ ချင်းအပ်နှံတက်ရောက်ရင်တော့ အချိုးကျ ခွဲသွင်းသွားနိုင်မှာဖြစ်ပြီး
စုစုပေါင်း သင်တန်းကြေး
👉 တစ်သိန်းကျပ် ကျသင့်မှာဖြစ်ပါတယ်။
📚စာရွက် စာတမ်း နဲ့ စာအုပ်တွေ ၊ အသံဖိုင် ၊ ဗီဒီယိုဖိုင်နဲ့
Software တွေ ပါဝင်မှာဖြစ်ပြီး ဒါတွေအတွက်
ငွေကြေး ထပ်မံသွင်းစရာ လုံးဝ မလိုအပ်ပါဘူး ။
♦ စာကြည့်တိုက် ♦
#ActiveEnglish သင်တန်းမှာလည်း နဂိုကတည်းက
စာအုပ်ပေါင်း ထောင်ကျော်ရှိတဲ့
စာကြည့်တိုက်ရှိပြီးဖြစ်တဲ့ အပြင်
အသက်အရွယ် ငယ်တဲ့ ကလေးတွေပါ ဖတ်လို့ရမယ့် ၊
ဖတ်သင့်တဲ့ စာအုပ်တွေကိုပါ
သီးသန့် ထပ်ဖြည့်ပေးထားပါတယ် ။
စာကောင်းပေကောင်း ဖတ်ပြီး ကြီးပြင်းလာတဲ့ ကလေးဟာ
ကိုယ့်ဘဝကိုယ် ကောင်းကောင်း ထိန်းကြောင်းနိုင်ဖို့
အလားအလာ ပိုရှိတယ်လို့ ကျွန်တော့် အနေနဲ့ယူဆလို့
ကလေးတွေကို စာဖတ်ဖြစ်အောင်ပါ ကူညီသင်ပြ
တိုက်တွန်းပေးပါ့မယ် ။
ဒါ့အပြင် လူကြီးမိဘတွေ အနေနဲ့လည်း
" ကလေးတွေကို နားလည်ဆုံးမနိုင်စွမ်း "
မိမိမှာ မွေးရာပါ ရှိထားပြီးသားလို့ မမှတ်ယူထားပဲ
ကလေးတွေရဲ့ စရိုက် အလိုက် ၊ ခေတ်အခြေအနေ
အချိန်အခါပေါ်မူတည်ပြီး
နားလည်မှုရှိရှိနဲ့ ဆုံးမလမ်းပြသင့်တယ်လို့
ကျွန်တော့် အနေနဲ့ ယူဆတာကြောင့်
လူကြီးတွေဖတ်ဖို့ " ကလေး တွေနဲ့ ပတ်သက်တဲ့ "
စိတ်ပညာ ဆိုင်ရာ ၊
မိဘကောင်း ဖြစ်ခြင်း နဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့
လမ်းညွှန်အကြံပြုစာတွေကိုလည်း
စာကြည့်တိုက်မှာ ထားရှိပေးထားပါတယ် ။
🙂
ကျွန်တော်တို့ မြန်မာကလေးငယ်တွေ
ဘာသာစကားစွမ်းရည်လည်း တိုးတက်လာအောင် ၊
စိတ်နေစိတ်ထားလည်း တော်တည့် ကောင်းမွန်အောင်
( ရတဲ့ အချိန်တိုလေးအတွင်းမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး )
ကျွန်တော်တို့ သင်ပြပေးသွားပါ့မယ် ။
ဒါကြောင့် မိမိရင်သွေးကို
ငယ်ငယ်ရွယ်ရွယ် ကတည်းက အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့
အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အခက်အခဲ မရှိစေလိုတဲ့
မိဘများအတွက်
#ActiveEnglish သင်တန်း ရဲ့ " Young Learner Class" ကနေ ကူညီ ပေးပါရစေဗျာ ။
🙂
ကိုဇင်ဇေ
( #ActiveEnglishသင်တန်း တည်ထောင်သူ ၊
သင်ကြားရေးဆရာ )
••••••••••••
♦ သင်တန်းအချိန်ဇယား ♦
စနေ ၊ တနင်္ဂနွေ ( တစ်ပတ် - ၂ ရက် တန်းခွဲများ )
- မနက် ၈ခွဲ - ၁၀ခွဲ
- နေ့လည် ၁၁ - ၁
- နေ့လည် ၁ ခွဲ - ၃ ခွဲ
-ညနေ ၄ - ၆ ဆိုပြီး ၄ ချိန် ရှိပါတယ် ။
တစ်နေ့ ၂ နာရီ နဲ့ တစ်လ မှာ ၈ ရက်
Level တစ်ခုစာ အတွက် သင်တန်းကာလ ၄ လ
( စာသင်ရက် ၃၂ ရက် )
သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။
♦
အောက်ပါ Levels တွေ အတိုင်း စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ် ။
Young Learner တွေအတွက်
( Starter , Beginner , Foundation 1 ,
Level - 1 , Level - 2 , Level - 3 ,
Level - 4 , Level - 5 , Level -6 )
( CYLE - Cambridge Yound Learners English စံနှုန်း အရဆိုရင်တော့
Towards Starters , Starters , Starters to Movers ,
Movers , Flyers စတာတွေ ဖြစ်ပါတယ် ။ )
Young Adult အတွက် ဆိုရင်တော့
( Starter , Level - 1 , Level - 2 , Level - 3 ,
Level - 4 , Level - 5 , Level -6 )
( CEFR - Common European Framework အရဆိုရင်တော့
A1 - A2- B1 စတဲ့ Level တွေ ဖြစ်ပါတယ် ။ )
============
👉👉👉
ကလေးတွေ နဲ့ ကျောင်းသားမိဘတွေ
အဆင်ပြေအောင်
ကျောင်းကားတွေလည်း
ဒီနှစ်မှာ တိုးပြီးစီစဉ်ပေးထားပါတယ်။
ရန်ကုန်မြို့တွင်း မြို့နယ် အတော်များများကို
စီစဉ်ပေးထားတာမို့ ဖုန်းဆက်ပြီး စုံစမ်းလိုက်ရုံပါပဲ 👌
🙂
==========
♦ သင်တန်း စုံစမ်းတဲ့ အခါမှာ / အပ်နှံလိုတဲ့အခါ
🏢 သင်္ဃန်းကျွန်း ကျောင်းခွဲ ..
👉 အမှတ် B1-9/10 ၊ မလိခအိမ်ယာ ( ရတနာအိမ်ယာ မျက်နှာချင်းဆိုင် ) ၊ ရတနာလမ်းမပေါ် ၊
ဘဝမြင့်မှတ်တိုင်အနီး ၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ် ။
ဆက်သွယ်ရန် ဖုန်း 👉 သင်္ဃန်းကျွန်း 09- 4011 800 40 / 09- 4011 800 50 /
09- 4011 800 60 / 09- 4011 800 70 တို့ကို
ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
🏢 တာမွေ ကျောင်း ...
👉 Active English Office - အိမ်နံပါတ် - ၂၈ (လုံးချင်းအိမ်) / ၁၆၇ လမ်း /
တာမွေကြီး (ခ)ရပ်ကွက် / တာမွေမြို့နယ် ။
ဆက်သွယ်ရန် ဖုန်း 👉တာမွေ - 09 26 100 8186 /
09 43115202 / 09-25000-5174 / 09 25000 5174 / 09 4439 49210 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
🔖အတန်းတိုင်းကို အချိန်ပြည့် ကျွန်တော်ကိုယ်တိုင်
သင်ပေးတာမျိုး မလုပ်နိုင်တော့ပေမယ့်
ကျွန်တော် စီမံ လမ်းညွှန်မှုအောက်မှာ ရှိနေအောင် ၊
ကျွန်တော် လိုအပ်သလို စောင့်ကြည့် ဖြည့်စွက်
စီစဉ်ဖွင့်လှစ်ပေးထားပါတယ် ။
🔖လိုအပ်တာ ၊ တောင်းဆိုချင်တာတွေရှိရင်
အားမနာတမ်း ညှိနှိုင်းနိုင်ပါတယ် ။
🔖ကျွန်တော်တို့ တတ်နိုင်တာမျိုး ၊ ကျွန်တော်တို့ ခံယူချက်နဲ့ ကိုက်ညီတာမျိုးဆိုရင်ကူညီ ဖြည့်ဆည်းပေးပါမယ် ။ 🙂
♦မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြောပြီးလမ်းညွှန် မေးမြန်းနိုင်ပါတယ် 🙂
ဆက်သွယ်ရန် ဖုန်း :
👍သင်္ဃန်းကျွန်း - 09 4011 800 40/ 09 4011 800 50 / 09 4011 800 60 / 09 4011 80070
👍တာမွေ - 09 26100 8186 / 09 2522 74890 / 09 4311 5202 / 09 25000 5174 တို့ကို ဆက်သွယ်ပြီး လမ်းညွှန် နဲ့ သိချင်တာများကို အသေးစိတ်မေးမြန်းနိုင်ပါတယ် ...😊
•••••••••••••••
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင်
အရောက်လှမ်းနိုင်ကြပါစေဗျာ ..."
😇😇😇
စေတနာဖြင့်
ကိုဇင်ဇေ
အင်္ဂလိပ် ဘာသာစကားစွမ်းရည်တင်မက
ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ
ဗဟုသုတတွေကိုပါ ပေါင်းစပ်သင်ကြားပေးနေတဲ့ ၊
Listening နဲ့ Speaking ကို
ဦးစားပေး လေ့လာလိုသူများအတွက်
☆ Applied English Class ☆
အင်္ဂလိပ်စာတင်မက ပြင်ပ
စီးပွားရေး ဗဟုသုတတွေ ၊
ဟောပြောပွဲတွေကိုပါ ထည့်သွင်းသင်ကြားပေးနေတဲ့ ...
စီးပွားရေး လုပ်ငန်းသုံး အကြောင်းအရာ
ဆယ်မျိုးကို ဦးစားပေး သင်ကြားပေးသွားမယ့်
Business English Class
မိမိရင်သွေးကို
ငယ်ငယ်ရွယ်ရွယ် ကတည်းက
အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး
အခက်အခဲ မရှိစေလိုတဲ့
မိဘများအတွက်
"Young Learners Class"
သဒါ္ဒ အခြေခံ အားနည်းလွန်းသူတွေ
အဆင်ပြေစေဖို့ အတွက်
အခြေခံ မသိမဖြစ် အသုံးအဝင်ဆုံး
စည်းမျဉ်းစည်းကမ်းတွေကို
ခွဲထုတ်ပြီး အသေးစိတ်
အထပ်ထပ် လေ့ကျင့် သင်ကြားပေးနိုင်ဖို့
ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့
Grammar Foundation Course
အပြင်မှာ သင်တန်းလာတက်ဖို့
အချိန် ၊ နေရာ အဆင်မပြေသူများ
အဆင်ပြေစေဖို့ အတွက်
အခြေခံ မသိမဖြစ် အသုံးအဝင်ဆုံး
သဒ္ဒါ စည်းမျဉ်းစည်းကမ်းတွေကို
ခွဲထုတ်ပြီး အသေးစိတ်
အထပ်ထပ် လေ့ကျင့် သင်ကြားပေးနိုင်ဖို့
ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့
Active Grammar - Online Class
သင်တန်းမတက်ဖြစ်သေးရင်တောင်
တကယ် စိတ်အားထက်သန်မှုရှိတဲ့
လေ့လာလိုသူတွေအတွက်
စေတနာနဲ့ အခမဲ့ ဖြန့်ချီပေးထားတဲ့ /
Video သင်ခန်းစာတွေ ၊ လေ့ကျင့်ခန်းတွေ ပါဝင်တဲ့
အင်္ဂလိပ်ဘာသာစကားလေ့လာရေး
အထောက်အကူပြု
Mobile Application နဲ့ စာအုပ်
Copyright © 2019 Saya Zinzae - All Rights Reserved.