အင်္ဂလိပ် ဘာသာစကားတင်မက
( ဘယ်ဘာသာစကားပဲ လေ့လာလေ့လာ )
လိုအပ်တဲ့ ဒေါက်တိုင် ၃ ခု အကြောင်း
အင်္ဂလိပ် ဘာသာစကားလေ့လာရာမှာ
ထိရောက်မှု ရှိတဲ့ ...
လေ့လာလိုက် မေ့လိုက် ၊
ပြန် စ လေ့လာလာရလိုက် ဆိုတာမျိုးကို ကျော်လွှားနိုင်မယ့် ....
စိတ်ခွန်အား ရှိတဲ့ အချိန်ရော ၊
မရှိတဲ့ အချိန်ရော လေ့လာနိုင်မယ့် ...
ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖြစ်ခဲ့ပြီး ...
ကျွန်တော့်ရဲ့ အပြင်သင်တန်း ၊
အွန်လိုင်းသင်တန်းတွေမှာလည်း
တတ်နိုင်သလောက် အသုံးချတတ်အောင် သင်ပေးနေတဲ့ ....
LPE System အကြောင်းကို
ဒီ Video မှာ ရှင်းပြပေးထားပါတယ် 🙂
အင်္ဂလိပ် ဘာသာစကားကို
ခက်တယ် လို့ ထင်လား ?
( ဒါမှ မဟုတ် )
လွယ်ပါတယ်ကွာ လို့ ထင်နေလား ?
စိတ်မှန်း သက်သက် မဟုတ်ပဲ
တိတိကျကျလေး သိချင်တယ်ဆိုရင်
ဒီ Video ( ၁၅ မိနစ်စာ ) ကို
အစ အဆုံး သေချာ လေ့လာကြည့်နိုင်ပါတယ် 🙂
ကိုယ်တိုင် လေ့လာ လေ့ကျင့်
အသုံးချဖို့ပဲ ဖြစ်ဖြစ် ...
မိဘ တစ်ယောက် အနေနဲ့
ကိုယ့်သားသမီး ပညာရေးအတွက်
လေ့လာပြင်ဆင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ...
ဒီ Video မှာ ဆွေးနွေးထားတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင်
သေချာပေါက် အကျိုးရှိမှာပါ 🙂
အွန်လိုင်းကနေ
အင်္ဂလိပ်ဘာသာစကားကို
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး နဲ့
ငွေကြေးဆိုင်ရာ အသိပညာတွေနဲ့ တွဲဖက်လေ့လာနိုင်မယ့်
❗️ ALC Program - အပတ်စဉ် ၆ ကို
( ၁၂-၅-၂၀၂၀ ) မှာ ပြန် စ ဖွင့်ပေးထားပါတယ် ❗️
👉 အပတ်စဉ် ၁ ခုကို ၂ လ လောက် ခြားပြီး ထပ်ဖွင့်ပေးလေ့ရှိပါတယ်
အသေးစိတ် သေချာ သိချင်တယ်ဆိုရင်
ဒီ Video ကို အစအဆုံး အရင်ကြည့်စေချင်ပါတယ် ။
🙂
ဒီ Video ထဲမှာ ALC Online Program အကြောင်း တင်မကပဲ
👉 အင်္ဂလိပ်ဘာသာစကား လေ့လာနည်းတွေ
👉 ရှိသင့်တဲ့ စိတ်နေစိတ်ထားတွေ အကြောင်းပါ
ထည့်ဆွေးနွေးထားမို့လို့ တစ်နာရီကျော် ကြာပါလိမ့်မယ် ။
Verb to Be ကို အခြေအနေ အမျိုးမျိုးမှာ သုံးထားတဲ့
အင်္ဂလိပ် စကားပြော တစ်ချို့ လေ့လာကြည့်ရအောင် ... 🙂
ဒီ Video သင်ခန်းစာ ကို
ကျွန်တော်တို့ရဲ့
Active Foundation အွန်လိုင်း သင်ကြားရေး
အစီအစဉ် ကနေ ထုတ်နှုတ်ပေးထားတာပါ ။
သင်တန်းမှာလို
ထပ်ပြီး လေ့ကျင့်ရတဲ့ အပိုင်း တစ်ချို့တော့ မပါပေမယ့်
လေ့လာလို့အဆင်ပြေမယ်လို့ ယူဆပါတယ် ။
အားလုံးပဲ ...
အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ
ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ... 🙂
မူရင်းရော ၊ ဘာသာပြန်ရော ကြည့်ရှုသူပေါင်း "သန်း" ကျော်သွားတဲ့ - အောင်မြင်ရေး လျို့ဝှက်ချက် - ၈ ချက်
ဆရာ Richard St.John ဟာ
လူပေါင်း ၅၀၀ ကျော် ကို
၇ နှစ် အချိန်ယူ အင်တာဗျူးလုပ်ပြီးမှ
ဒီ ၈ ချက်ကို အနှစ်ချုပ် ထုတ်ထားလိုက်တာပါ ။
ကျွန်တော်က ဘာသာပြန် ၊
လိုတာလေး ဖြည့်စွက်ပြောပေးထားတာပါ ။
တိုးတက်ချင်စိတ် ရှိတဲ့ လူငယ်တွေအတွက် /
ကိုယ့် ကိုယ်ကို သိပ်မအောင်မြင်သေးလို့
အားမရ ဖြစ်နေတဲ့ လူလတ်ပိုင်းတွေအတွက်တော့
သေချာပေါက် အကျိုးရှိမှာပါ ။
🙂
အားလုံးပဲ မင်္ဂလာပါ ...
ဆယ်တန်းပြီးကာစ
လူငယ်တွေအတွက် ရည်ရွယ်ပြီး စီစဉ်ပေးထားတဲ့
EPFT ( English and Personal Development for Teenagers ) ဆိုတဲ့
အွန်လိုင်းသင်တန်းအကြောင်း
ဒီ Video မှာ ရှင်းပြပေးထားပါတယ် ။
မိနစ် ၂၀ ကျော်လောက် သေချာ ရှင်းပြထားတာမို့
စိတ်ဝင်စားတယ်ဆို သေချာ အစအဆုံး နားထောင်ပြီး
ကိုက်ညီတယ်ထင်မှ အပ်ပါဗျာ
( ငွေရေးကြေးရေး အခက်အခဲရှိနေရင်
ပွင့်ပွင့်လင်းလင်း သေချာပြောပြီး
အကူအညီ တောင်းနိုင်ပါတယ် )
မတွေ့ဖြစ်တာ ကြာတဲ့ သူငယ်ချင်း နှစ်ယောက်
ပြန်ဆုံကြတဲ့ အခါ ပြောဖြစ်ကြတဲ့ စကားတွေကို
Listening လည်း လေ့ကျင့်ရင်း
အသေးစိတ် လေ့လာကြည့်ရအောင် ... 😇
ဒီ သင်ခန်းစာ ကို
ကျွန်တော်တို့ရဲ့
ALC ( Active Learners' Club ) အွန်လိုင်း သင်ကြားရေး
အစီအစဉ် ကနေ ထုတ်နှုတ်ပေးထားတာပါ ။
သင်တန်းမှာလို
ထပ်ပြီး လေ့ကျင့်ရတဲ့ အပိုင်း တစ်ချို့တော့ မပါပေမယ့်
လေ့လာလို့အဆင်ပြေမယ်လို့ ယူဆပါတယ် ။
အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ
ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ... 🙂
စေတနာဖြင့်
#ကိုဇင်ဇေ
တိုးတက်ချင်စိတ် ရှိပေမယ့်
ဘယ်က စလို့ စရမှန်း မသိဖြစ်နေပြီး
👉 လမ်းပျောက်နေတဲ့ လူငယ်တစ်ချို့ အတွက် ...
👉 ကိုယ့်ကိုယ်ကို အားမရဖြစ်နေတဲ့
လူလတ်ပိုင်း တစ်ချို့အတွက် ...
ကိုယ့်သားသမီးကို ပန်းတိုင်တော့ ရှိစေချင်တယ် ၊
ရှိလာအောင် ဘယ်လို လမ်းညွှန်ပေးရမှန်း မသိ ဖြစ်နေတဲ့
👉 မိဘတစ်ချို့အတွက် ...
ကိုယ့်ဘဝမှာ ဖြစ်ချင်တာ လိုချင်တာတွေကို
👉 စနစ်တကျ ပန်းတိုင်ချပြီး
ဘယ်လို ရအောင် ယူနိုင်မလဲ 👈 ဆိုတာကို
၁ နာရီစာလောက် ဆွေးနွေးပေးထားတဲ့
Video တစ်ခုကို တင်ပေးလိုက်ပါတယ် 😇
Copyright © 2019 Saya Zinzae - All Rights Reserved.