No.28,167th Street,Tamwe Township Yangon, Yangon 11211 mm

09 26 100 8186

09 26 100 8186

  • Home
  • Learning Guides
  • Downloads
  • Classes
    • Applied English
    • Young Learners Class
    • Business English
    • Grammar Foundation
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos
  • More
    • Home
    • Learning Guides
    • Downloads
    • Classes
      • Applied English
      • Young Learners Class
      • Business English
      • Grammar Foundation
    • Online Classes
    • Timetables
    • Online-ALC Program
    • Online-General Foundation
    • Online-Grammar Foundation
    • Online-EPFT-for Teeagers
    • Online-Young Learners
    • Personal Development
    • Videos
  • Home
  • Learning Guides
  • Downloads
  • Classes
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos

Saya Zinzae

Saya ZinzaeSaya ZinzaeSaya Zinzae

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

Online Class for Young Learners

Online Class for Young Learners

📌

ဒီကာလ အတွင်းမှာ ကလေးတွေရဲ့

ပညာရေးကို မနှောင့်နှေးစေချင်တဲ့ မိဘတွေရဲ့ တောင်းဆိုမှုတွေ အရ

ကျွန်တော်တို့ Active English ကနေပြီး

ကလေးတွေအတွက် အွန်လိုင်း သင်တန်းတွေ ဖွင့်ပေးလိုက်ပါပြီ 🙂


စပြီး ဝန်ခံချင်တာက

အွန်လိုင်း သင်ကြားရေးဟာ အပြင်မှာ လာတက်သလိုတော့

ထပ်တူထပ်မျှ မဖြစ်နိုင်ပါဘူး ။

ဒီ ၂ မျိုးလုံးမှာ မတူညီတဲ့ အားသာချက် အားနည်းချက်တွေ

ကိုယ်စီ ရှိကြပါတယ် ။


ကျွန်တော်တို့ရဲ့ အွန်လိုင်းသင်တန်းနဲ့ ပတ်သက်ပြီး ကတိပေးနိုင်တာကတော့

👉 တကယ်သာ မိဘကလည်း နည်းနည်း ထိမ်းကြောင်းပေးမယ် ၊

👉 ကလေးကလည်း သေချာသာ လိုက်လုပ်မယ်ဆိုရင်

အတိုင်း အတာ တစ်ခုထိ ထိရောက်တဲ့ ၊

တိုးတက်မှု ရှိတာကို သေချာပေါက် သိသာစေမယ့် နည်းစနစ်တွေနဲ့

သေချာ လေ့လာ+လေ့ကျင့်+အရည်အချင်း စစ်ဆေး သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။


ကျွန်တော်တို့ရဲ့ အွန်လိုင်း သင်တန်းမှာ

👉 သင်ကြားရေး Videos တွေ နဲ့ အတူ လေ့လာ + လေ့ကျင့် ရုံတင်မက

- တခြား နည်းစနစ်တွေနဲ့ ပါ လေ့ကျင့်ပေးတာတွေ ပါပါမယ်


👉 အရုပ် ၊ အသံ အရည်အသွေး ပိုမို ကောင်းမွန်အောင် ၊

လိုအပ်တဲ့ ပုံတွေ ၊ သီချင်းတွေ ၊ ကာတွန်း Animations တွေ ၊

ဗီဒီယိုတွေကိုပါ ထည့်သွင်း သင်ကြားပေးလို့ ပို အဆင်ပြေအောင်

Live အနေနဲ့ မသင်ပဲ

ကြိုတင်ရိုက်ကူးပြီး သေချာ တည်းဖြတ်ထားတဲ့

Videos တွေနဲ့ပဲ ဦးစားပေး သင်ပေးသွားပါမယ် ။


👉 ကလေးတွေအနေနဲ့ မရှင်းတာ ၊ မေးချင်တာ ရှိရင်

သူတို့ကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ မိဘ အကူအညီနဲ့ပဲ ဖြစ်ဖြစ်

သက်ဆိုင်ရာ သင်ခန်းစာ အောက် မှာ မေးနိုင်ပါတယ် ။

ဒါမှမဟုတ် ( ရှက်တတ်တဲ့ သင်တန်းသားဆိုရင်လည်း )

တခြား အတူလေ့လာသူတွေ မသိစေအောင်

Message ကနေလည်း သီးသန့် မေးနိုင်ပါတယ် ။


- ဒါကြောင့် သေချာလေး လိုက်လုပ်မယ်ဆိုရင်

သင်ခန်းစာတွေကို သဘောပေါက် နားလည်ကြမှာပါ ။

👉 သင်ခန်းစာတွေကို ရိုက်ကူးရာမှာလည်း

ဒီတိုင်း ထိုင်ကြည့်ပြီး လေ့လာရုံတင်မက

အတူ လိုက် လေ့ကျင့်လို့ အဆင်ပြေအောင် သေချာ စီစဉ်ပေးထားပါတယ် ။

ဒါကြောင့် လေ့ကျင့်ရေးပိုင်းမှာလည်း

အတိုင်းအတာ တစ်ခု ထိ အဆင်ပြေနိုင်မှာပါ ။


👉 Videos မဟုတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအနေနဲ့

Vocabulary , Grammar , Pronunciation or Listening ပိုင်း စစ်ဆေးတဲ့ ...

ဖြေပြီး တာနဲ့ မှန်-မှား-အမှတ်ပေါင်း သိရမယ့် နည်းပညာတွေ သုံးပြီး

ထပ်လေ့ကျင့်ပေးသွားဦးမှာပါ ။


👉 မိဘ အများစု အဆင်ပြေဖို့အတွက်

ကျွန်တော်တို့ အနေနဲ့ Facebook Group ကနေ

အဓိက သင်ပေးသွားမှာ ဖြစ်ပေမယ့်

ဖြည့်စွက် အနေနဲ့ သုံးရမယ့် Websites တွေ ၊ Mobile Apps တွေကိုလည်း

စနစ်တကျ သေချာ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ် ။


📌

အဲ့ဒီ အွန်လိုင်း သင်တန်းအတွက် သင်တန်းကြေးကို

Level တစ်ခုစာ အတွက် ၅ သောင်း လို့

ကျွန်တော်တို့ သတ်မှတ်ထားပါတယ် ။


Level တစ်ခုစာ အတွက်

တစ်ပတ်ကို အဓိက စာသင်ရက် ၂ ရက် နဲ့

သင်တန်းကာလ ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ် ။

( အဲ့ဒီ ၃ လ လုံး အတွက်ကိုမှ

သင်တန်းကြေး ၅ သောင်းသာ ကျသင့်မှာ ဖြစ်ပါတယ် )


📌

အွန်လိုင်းသင်တန်း ဖြစ်တဲ့အတွက်

အဓိက အားသာချက်တွေက

> သင်ခန်းစာ တစ်ခုကို နားမလည်မချင်း ပြန်လေ့လာလို့ရမယ် ၊

> မပိုင်နိုင်မချင်း ပြန်လေ့ကျင့်လို့လည်း ရနေပါမယ် ။

> သွားရလာရ ( ကလေးကို ပို့ရကြိုရတဲ့ ) အချိန်တွေ ၊ ငွေတွေ မကုန်တော့ပါဘူး ။

> ဒီကာလ အတွင်းမှာဆို ဘေးလည်း ပိုကင်းမှာဖြစ်ပါတယ် ။


📌

နောက်တစ်ချက်က အပြင်သင်တန်းမှာဆိုရင်

Level တစ်ခုတက်တဲ့အခါ

ကလေးက ထိုက်သင့်သလောက် စာမရဘူး ဆိုရင်

ကျွန်တော်တို့က နောက် Level မတင်ပေးပါဘူး ။

အခြေမခိုင်ပဲ အမြင့်တက်သွားရင် နောင်မှာ ဒုက္ခရောက်မှာ စိုးလို့ပါ ။

အဲ့တော့ ဒီကလေးဟာ ဒီ Level ကိုပဲ ပြန်တက်ရတာမျိုး ရှိပါတယ် ။

အဲ့လို ပြန်တက်ရတဲ့အခါမှာလည်း

သင်တန်းကြေးကို နည်းနည်းပဲ လျှော့ပေးလို့ ရပြီး ပြန်တက်ခိုင်းရပါတယ် ။

နေရာစရိတ် နဲ့ ဆရာဆရာမတွေအတွက် စရိတ်တွေက ထပ်ကုန်တာပဲကိုး ။


အခု အွန်လိုင်းသင်တန်းမှာတော့ သိပ်အဆင်ပြေတာတစ်ခုက

အဲ့လိုမျိုး အခြေမခိုင်သေးလို့ နောက် Level မတက်ရပဲ

ဒီ Level ပဲ ပြန်တက်ရတဲ့ ကလေးတွေအတွက်

သင်တန်းကြေး ထပ်သွင်းစရာ မလိုတော့ပါဘူး ။

အွန်လိုင်းသင်ကြားရေးမှာလည်း စရိတ်စက တစ်ချို့ရှိပေမယ့်

ဒီလောက်ကိုတော့ ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ် 🙂


📌

ဘယ် Level ကနေ စတက်ရမလဲ ဆိုတာကို

- ကလေးရဲ့ အသက်အရွယ်

- ကလေးရဲ့ အတန်း ပညာ ပေါ် အကြမ်းဖျဉ်း အရင် စဉ်းစားပြီး

- လိုအပ်သလို Test ထပ်မံ စစ်ဆေးပြီး

သေချာ လမ်းညွှန် အကြံပြုပေးသွားမှာ ဖြစ်ပါတယ် ။


Level တစ်ခု တက်ပြီးရင်

နောက် Level တဆင့် တက်လို့ ရမရကိုလည်း

အပြင်မှာလိုပဲ စာမေးပွဲတွေ စစ်ပေးမှာပါ ။

အပြင်သင်တန်းမှာလို စာမေးပွဲရက် ကြိုမပြောပဲ

ရုတ်တရတ် ကောက်စစ်တဲ့ စနစ်မျိုးတော့ မလုပ်နိုင်တော့ဘူးပေါ့ဗျာ ။

အွန်လိုင်းမှာဆိုတော့ ကြို ကြေငြာပေးမှ အဆင်ပြေကြမှာ များလို့ပါ ။


( စာမေးပွဲကို ကြိုမပြောပဲ ရုတ်တရတ် ကောက်စစ်တဲ့ စနစ်က

ကလေးရဲ့ လက်ရှိ အရည်အချင်းကို

အမှန်အတိုင်း ပိုပြီး သိရစေတယ်လို့ ယူဆလို့

ကျွန်တော်တို့ အဲ့ဒီ စနစ်ကို သုံးခဲ့တာပါ ။

နောက်ပိုင်းမှာ ကလေးတွေ မိဘတွေကိုယ်တိုင်က

နည်းပညာကို ပို အသုံးချနိုင်လာမယ် ၊

အွန်လိုင်း သင်ယူမှုကို အရှိန်ရလာမယ်ဆိုရင်တော့

ဒီစနစ်ကိုပဲ ကျွန်တော်တို့ ပြန်သုံးချင်ပါသေးတယ် ။ )


📌

အွန်လိုင်းသင်ကြားရေး ရဲ့ အားနည်းချက်ကတော့

အတန်းထဲမှာလို မဟုတ်ပဲ

ကိုယ်တိုင်က သတိထားပြီး တကူးတက အချိန်ပေး လေ့လာလေ့ကျင့်ရမှာပါ ။

တစ်ချို့တွေ သင်တန်းပဲ အပ်ထားပြီး

အချိန်မရလို့ ၊ တခြား အရေးကြီး ကိစ္စတွေ ရှိနေလို့

သင်ခန်းစာတွေကို ဝင် မလေ့လာ မလေ့ကျင့်ဖြစ်တော့ပဲ

အဆက် ပြတ်သွားတတ်တာမျိုးကို သတိထားပေးရမှာပါ ။

ဒါပေမယ့် ကိုယ် အဆင်ပြေတဲ့ အချိန်မှာ

ဘယ် က ပြန်စလေ့လာရမလဲ ဆိုတာ

ပွင့်ပွင့်လင်းလင်း လှမ်း အကြံတောင်းလိုက်ရင်

ဒီ ကိစ္စက အဆင်ပြေမှာပါ ။


ဒီလိုပဲ ဘယ်လောက် ကောင်းတဲ့

Tools / Apps / Software တွေ Websites တွေ ပဲ သုံးသုံး

အပြင်မှာ သင်ရတာလောက် အပြန်အလှန် အချိတ်အဆက်ရဖို့ ၊

အသက်ဝင် တက်ကြွနေဖို့ ခက်နေတာလေး ရှိတတ်ပါတယ် ။


ပို အသက်ဝင်အောင် Live သင်မယ် ဆိုရင်လည်း

သင်ပေးတဲ့ လူဘက်ကတင်မက

သင်ယူတဲ့ လူဘက်ကပါ

အင်တာနက်လိုင်း အတော်လေး ကောင်းနေမှ အဆင်ပြေနိုင်တာပါ ။

ဒါတောင်မှ ကွာဟချိန် ၅ စက္ကန့်ကနေ စက္ကန့် ၂၀ လောက်ထိ ရှိတတ်ပါတယ် ။

ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း Live သင်တာနည်းပြီး

သေချာ ပြင်ဆင် ရိုက်ကူးထားတဲ့ Videos တွေမှာပဲ

အပြန်အလှန် ပြောတဲ့ ခံစားမှုရအောင် လေ့ကျင့်တဲ့ အပိုင်းကို

ညှပ်ထည့်ပေးလေ့ရှိပါတယ် ။

( စိုင်းစိုင်းတောင် ဒါကြောင့် သူ့ မွေးနေ့မှာ Live ချည်း သက်သက်မဟုတ်ပဲ

ကြိုရိုက်ထားတာတွေနဲ့ ညှပ်သုံးရတာပါ )


📌

တကယ်လို့

Live ကို ထိထိရောက်ရောက် လေ့ကျင့်ချင်ရင်

လူ ၄ ယောက်လောက်က အထိရောက်ဆုံးပါပဲ ။

နည်းပညာ အရ လူ ဆယ်ဂဏာန်း ရာဂဏာန်းကနေ ထောင်ဂဏာန်းထိ

ကျွန်တော်တို့ဘက်က သင်ပေးနိုင်ပေမယ့်

တကယ် လေ့ကျင့်ဖို့ ဆိုရင် လူနည်းမှပဲ ထိရောက်မှာပါ ။

< သင်ပေးတာနဲ့ လေ့ကျင့်ပေးတာ မတူပါဘူး ။

သင်ပေးတာက လူများလည်း ရပေမယ့်

လေ့ကျင့်ပေး + ပြန်သုံးသပ်ပေးတာက လူများရင်

လူနည်းတာလောက် သိပ် အဆင်မပြေပါဘူး >


ဥပမာ အားဖြင့် ...

လူ ၂၀ လောက် ရှိတဲ့ သင်ကြားရေး အစီအစဉ် တစ်ခုမှာ

ဆရာ၊ဆရာမက မိနစ် ၂၀ ပဲ သင်ပြီး

ကျန်တဲ့ မိနစ် ၄၀ ကို သင်တန်းသားတွေကို *ညီတူညီမျှ

လေ့ကျင့်ခိုင်းမယ် - တစ်ဦးချင်းကို ပြန်သုံးသပ်ပေးမယ် ဆိုရင်

သင်တန်းသား တစ်ယောက်ချင်းရဲ့ စကားပြောချိန်

၁ မိနစ်လောက်ပဲ ရတော့မှာပါ ။


သင်တန်းသားက ၁ မိနစ် ပြော /

ဆရာ၊ဆရာမက ၁ မိနစ် ပြန်သုံးသပ်ပေးတဲ့ စနစ်မျိုးနဲ့

ထိထိရောက်ရောက်ရောက် လုပ်ရင်

ကျောင်းသား တစ်ယောက်ချင်း အတွက် အချိန် ၂ မိနစ် နဲ့

ကျောင်းသား အယောက် ၂၀ အတွက်

မိနစ် ၄၀ ကို မျှပေးလိုက်ရမှာမို့ပါ ။


ဒါကြောင့် " Live ကို ထိထိရောက်ရောက် လေ့ကျင့်ချင်ရင်

လူ ၄ ယောက်လောက်က အထိရောက်ဆုံးပါပဲ " လို့ ကျွန်တော် က ယူဆတာပါ ။

( ကျောင်းသား ၄ ယောက်လောက်ပဲ ဆိုရင်

မိနစ် ၄၀ ကို အညီအမျှအနေနဲ့

ကျောင်းသား တစ်ယောက်ကို ၁၀ မိနစ်လောက် အချိန်ရပါမယ် ။

ဒါဆို ကျောင်းသားက ၇ မိနစ်လောက်ပြော ၊

ဆရာက ၃ မိနစ်လောက် ပြန်သုံးသပ်ပေး စတဲ့ ပုံစံနဲ့

ပိုပြီး ထိထိရောက်ရောက် *အချိန်ပေး* လေ့ကျင့်ပေးလို့ရတာပေါ့ဗျာ ။


အဲ့လို ၄ ယောက် သီးသန့်ဝိုင်းတို့ ဘာတို့ နဲ့

ပိုပြီး ဖိဖိစီးစီး လေ့ကျင့်ပေးချင်ရင်

နောင်မှ ကျွန်တော်တို့ သီးသန့် စီစဉ်ပေးနိုင်ပါမယ် ။

( သီးသန့် ၊ လူနည်းစုဖြစ်တဲ့အတွက်

သင်တန်းကြေးကလည်း သိသိသာသာကို များသွားနိုင်ပါတယ် )


📌

ဒါကြောင့် လက်ရှိမှာ လူအများကို

သင်တန်းကြေး သက်သက်သာသာနဲ့ သင်ပေးဖို့ ရည်ရွယ်ထားတဲ့

အွန်လိုင်းသင်တန်းတွေမှာတော့

ကျွန်တော်တို့ ဒါမျိုး မစီစဉ်ပေးနိုင်သေးပါဘူး ။


ကျွန်တော်တို့ မလုပ်ပေးနိုင်တာကို

နားထောင်ကောင်းရုံ သက်သက်

အပိုတွေ ပြောပြီး ကတိမပေးချင်လို့ ...

ကျွန်တော်တို့ လုပ်ပေးနိုင်သလောက်ကိုပဲ

ရိုးရိုးသားသား ကြို ပြောပြတာပါ ။


📌

သင်တန်းသား အချင်းချင်း လေ့ကျင့်လို့ရအောင်

စနစ်တကျ ချိတ်ဆက်ပေးတာလောက်ထိတော့

သင်တန်းသားတွေဘက်က လုပ်ချင်တယ်ဆိုရင်

ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ် ။

ဒါကြောင့် သင်တန်းသား ၊ မိဘတွေဘက်က

အဲ့ဒီ အချက်လေးကို ကြိုပြီး သိရှိ ချင့်ချိန် စေချင်ပါတယ် ။


📌

တကယ်တမ်းတော့

အွန်လိုင်းသင်ကြားရေးမှာ

အဲ့လို သီးသန့် လေ့ကျင့်ပေးတာ မခံရရင်တောင် ...

တခြား နည်းစနစ်တွေနဲ့ အစားထိုး ၊ ဖြည့်စွက်ပြီး

တကယ် တိုးတက်အောင် လေ့ကျင့်လို့ရပါတယ် ။


အွန်လိုင်းသင်ကြားရေးကို စိတ်ရှည်ရှည် နဲ့

တကယ် လုပ်တတ်သွားဖို့ပဲ လိုပါတယ် ။

ကျွန်တော်ကိုယ်တိုင်လည်း

အဲ့ဒီ နည်းတွေနဲ့ပဲ ပညာရပ်အတော်များများကို

လေ့လာခဲ့ ၊ လေ့လာနေဆဲ ဖြစ်ပါတယ် ။


နိုင်ငံတကာမှာလည်း ဒီ ကပ်ရောဂါ မဖြစ်ခင်မှာကတည်းက

အွန်လိုင်းသင်ယူမှုတွေ အရေးပါလာပြီး

အွန်လိုင်းသီးသန့်ရော ၊

အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့

Hybrid or Blended Learning တွေရော ကို

အသုံးချလာနေကြတာ ဖြစ်ပါတယ် ။


ကျွန်တော်ဆိုလည်း လူကြီးတန်းတွေကို

အွန်လိုင်း သီးသန့် သင်ပေးလာတာ

၂ နှစ် နီးပါးလောက် ရှိနေပါပြီ ။

အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့ Hybrid Learning လည်း စီစဉ်ပေးထားတာ

၁ နှစ်ကျော်လောက်ရှိနေပါပြီ ။

တကယ် လိုက်လုပ်ရင် လုပ်သလောက် ထိရောက်ပါတယ် ။


📌

ဒါကြောင့် ကလေးတွေကို

သူတို့ ဘဝ ရှေ့ရေး အဆင်ပြေဖို့ အတွက်

အွန်လိုင်းသင်ယူရေးမှာ သေချာ လမ်းညွှန်ပေးဖို့ လိုတယ်လို့

ကျွန်တော်ကတော့ ယူဆပါတယ် ။

အဲ့လို လမ်းညွှန်ပေးရာမှာ အဆင်ပြေအောင် ...

သူတို့ ဘဝအတွက် လမ်းကြောင်းချပေးရာမှာ ပိုပြီး အဆင်ပြေအောင် ....

မိဘတွေကို သီးသန့် ဆွေးနွေးပေးတဲ့ အွန်လိုင်းသင်တန်းလည်း ဖွင့်ပေးထားပြီး

အဲ့ဒီ အွန်လိုင်းသင်တန်းကိုလည်း မိဘတွေ အနေနဲ့

သင်တန်းကြေး ထပ်ပေးစရာမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပါတယ် ။


တကယ်ကတော့

လူကိုယ်တိုင် ( ဒါမှမဟုတ် ) Video နဲ့ အေးဆေး ရှင်းပြချင်တာပါ ။

ဒါပေမယ့် တစ်ချို့က Video ဆို တော်ရုံနဲ့ မကြည့်ဖြစ်တော့

ခုလိုမျိုး စာနဲ့ပဲ တတ်နိုင်သလောက် ရေးပေးလိုက်တာပါ ။


📌

ဒီတော့ ကျွန်တော်တို့ စီစဉ်ပေးတဲ့

ကလေးတွေ အတွက် အွန်လိုင်း သင်တန်းအကြောင်း

လိုတိုရှင်း ပြန် ပြောရရင်တော့


- Level - ၁ ခု ( သင်တန်းကာလ - ၃ လ စာ ) ကို

သင်တန်းကြေး ၅ သောင်း ဖြစ်ပါတယ်

( Level တစ်ခု ကို မပိုင်နိုင်မချင်း

အကြိမ်ကြိမ် ပြန်လေ့လာလေ့ကျင့်ခွင့် ရနေပါမယ် )

စာမေးခွင့် ရနေပါမယ်..


- တစ်ပတ်ကို အဓိက သင်ကြားရက် ၂ ရက် ဖြစ်ပါမယ် ။


- သင်ခန်းစာတွေနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင်

သက်ဆိုင်ရာ သင်ခန်းစာအောက်မှာပဲ ဖြစ်ဖြစ် ၊

သီးသန့် ပို့ပြီးပဲ ဖြစ်ဖြစ် မေးမြန်းထားနိုင်မှာဖြစ်ပါတယ် ။


- ကလေးတွေကို ပြန်သင်ပေးချင်တဲ့ ၊

စနစ်တကျ လမ်းကြောင်း တည့်ပေးချင်တဲ့

မိဘတွေ အတွက် သေချာ အကြံပေးလမ်းညွှန်ထားတဲ့

အွန်လိုင်း သင်တန်းလည်း ထပ်တက်ခွင့် ရပါမယ် ။


- အွန်လိုင်း သင်တန်းဟာ အပြင်သင်တန်းနဲ့တော့ ဘယ်လိုမှ မတူနိုင်ပါ ။

အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြပါတယ် ။

ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး

ထိရောက်အောင် လေ့လာ+လေ့ကျင့်+ထိတွေ့စေပြီး

စာမေးပွဲစစ်ပေး ၊ ပြန် သုံးသပ်ပေးတာတွေပါ လုပ်ပေးသွားပါမယ် ။


- သင်ကြားရေး + လေ့ကျင့်ရေး Videos တွေ တင်မက


- Videos မဟုတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအနေနဲ့

Vocabulary , Grammar , Pronunciation or Listening ပိုင်း စစ်ဆေးတဲ့ ...

ဖြေပြီး တာနဲ့ မှန်-မှား-အမှတ်ပေါင်း သိရမယ့် နည်းပညာတွေ သုံးပြီး

ထပ်လေ့ကျင့်ပေးသွားဦးမှာပါ ။


- သင်ခန်းစာတွေကို မဖျက်ပဲထားပေးထားမှာမို့

တစ်သက်လုံး ပြန်ကြည့် ပြန်လေ့လာလို့ ရနေပါမယ် ။


- Level ၁ ခုပြီးရင် စာမေးပွဲတွေ စစ်ပေးပြီး

သင်ခန်းစာတွေကို ထိုက်သင့်သလောက် ပိုင်နိုင်သွားတယ်လို့

ယူဆရရင်

နောက် Levels တွေ ဆက် တက်သွားနိုင်မှာဖြစ်ပါတယ် ။


- တကယ်လို့ နောက် တက်ခွင့်မရသေးရင်လည်း

ဒီ ကိုပဲ သင်တန်းကြေး *လုံးဝ ထပ်သွင်းစရာမလိုပဲ

ထပ်ပြီး တက်ရောက် လေ့လာလေ့ကျင့်နိုင်မှာ ဖြစ်ပါတယ် ။


ခု လောက်ဆိုရင်တော့ သင်တန်းအကြောင်း အတန်အသင့် ပြည့်စုံမယ် ထင်ပါတယ် ။

စိတ်ထဲ မရှင်းတာ ၊ ထပ် သိချင်တာ ၊ ဆွေးနွေးချင်တာ ရှိရင် ပြောခဲ့နိုင်ပါတယ် ။


စာဖြေ ၊ ဖုန်းဖြေပေးနေရတဲ့ ဝန်ထမ်းလေးတွေ အနေနဲ့

ခုလို ကာလမျိုးမှာ လူထောင်ချီကို ဆက်ဆံပေးနေရတာမို့လို့

အခန့်မသင့် အဆင်မပြေတာ တစ်ခုခု ရှိခဲ့ရင်လည်း

နားလည် ခွင့်လွှတ်ပေးပါလို့ ကြို တောင်းပန်ထားပါရစေ ။


ဝန်ထမ်းတွေနဲ့ ပြောရတာ အားမရလို့ ...

ကျွန်တော်နဲ့ ( ဒါမှမဟုတ် )

ကျွန်တော့် ဇနီး ( သင်တန်း မန်နေဂျာ ) မမိုးသူနဲ့ မှ တိုက်ရိုက် ပြောချင်တယ်ဆိုရင်

ကျွန်တော်တို့ရဲ့ Facebook Accounts တွေကို တိုက်ရိုက် မေးပြီး လှမ်းပြောနိုင်ပါတယ် ။


Fb - ကိုဇင်ဇေ > https://www.facebook.com/zin.zae

Fb - မမိုးသူလှိုင် > https://www.facebook.com/shaw.layy


လိုအပ်ရင် ကျွန်တော်တို့ကိုယ်တိုင် ဖုန်း ခေါ်ပြီး

ဆွေးနွေးပေးပါ့မယ် ။


ဒီ ကပ်ရောဂါ ကာလကို ဘေးကင်းကင်း ကျန်းကျန်းမာမာနဲ့

အကောင်းဆုံး တောင့်ခံ ကျော်လွှားနိုင်ကြပါစေ

ကျန်းမာရေးတင်မက

စီးပွားရေး ၊ လူမှုရေး အရ ကြုံလာရမယ့် စိန်ခေါ်မှုတွေကိုလည်း

အကောင်းဆုံး ဖြေရှင်း နိုင်ကြပါစေ

ကိုယ့်ရဲ့ သားသမီးတွေအတွက် အကောင်းဆုံး လမ်းပြညွှန်ကြားပေးနိုင်ပါစေလို့

ဆုတောင်းပေးလိုက်ပါရစေဗျာ 🙂


စေတနာဖြင့်

#ကိုဇင်ဇေ

Active English သင်တန်းတည်ထောင်သူ ၊ သင်ကြားရေးဆရာ


ဆက်သွယ်ရန် :

☎️ 09-4311-5202 / 09-26100-8186

☎️ 09-4011-800-50 / 09-4011-800-60

☎️ 09-4010-91800 / 09-4010 91900


Message ပို့ရန် > https://m.me/activeenglish.younglearners/ <

image579

Copyright © 2019 Saya Zinzae - All Rights Reserved.

  • Learning Guides
  • Downloads
  • Online Classes
  • Classes-
  • Timetables
  • Online-ALC Program
  • Font Test
  • Idiom-Small fish
  • Learn Daily on Viber
  • For Children
  • Personal Development
  • LPE System
  • Goal Setting
  • Videos
  • Telephoning English