No.28,167th Street,Tamwe Township Yangon, Yangon 11211 mm

09 26 100 8186

09 26 100 8186

  • Home
  • Learning Guides
  • Downloads
  • Classes
    • Applied English
    • Young Learners Class
    • Business English
    • Grammar Foundation
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos
  • More
    • Home
    • Learning Guides
    • Downloads
    • Classes
      • Applied English
      • Young Learners Class
      • Business English
      • Grammar Foundation
    • Online Classes
    • Timetables
    • Online-ALC Program
    • Online-General Foundation
    • Online-Grammar Foundation
    • Online-EPFT-for Teeagers
    • Online-Young Learners
    • Personal Development
    • Videos
  • Home
  • Learning Guides
  • Downloads
  • Classes
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos

Saya Zinzae

Saya ZinzaeSaya ZinzaeSaya Zinzae

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

Active Grammar - Online Class

Active Grammar - Online Class

သင်တန်းကြေး ၂ သောင်းတည်း နဲ့
နာရီ ၂၀ ကျော်စာ Video သင်ခန်းစာတွေ အပြင်
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ဗဟုသုတတွေပါ ပါဝင်ပြီး
အချိန် ၊ နေရာမရွေးလေ့လာနိုင်တဲ့ အွန်လိုင်း သဒ္ဒါ သင်တန်း 🙂 


👉 ( ၄-၅-၂၀၂၀ ) မှာ ဒီ သင်တန်း အပတ်စဉ် ( 14 )  စပါမယ် 

နာရီ ၂၀ ကျော်စာ Video သင်ခန်းစာတွေ အပြင်

ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ဗဟုသုတတွေပါ ပါဝင်ပြီး

အချိန် ၊ နေရာမရွေးလေ့လာနိုင်တဲ့ အွန်လိုင်း သဒ္ဒါ သင်တန်း ပါ 🙂


သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆို 

ဒီ Post ကို အစအဆုံးဖတ်ကြည့်စေချင်ပါတယ် ။


❗️❗️❗️

ကျွန်တော် ( ကိုဇင်ဇေ ) တစ်ယောက်တည်း သင်မယ့်

Active Grammar လို့ ခေါ်တဲ့

အင်္ဂလိပ် ဘာသာစကား ဆိုင်ရာ

အွန်လိုင်း သင်တန်း လေး တစ်ခု စီစဉ်ဖွင့်လှစ်ပေးထားပါတယ် ။ 📚

< ဒီအတန်းကို စတင်ဖွင့်လှစ်စဉ်ကတည်းက

ယုံယုံကြည်ကြည် တက်ရောက်လေ့လာကြတဲ့

သင်တန်းသားတွေကို ကျေးဇူး အထူးပါ 🙂 >


ဒီ အွန်လိုင်း သဒါ္ဒ သင်တန်းဟာ

အင်္ဂလိပ် လို အတန် အသင့်

ရေးဖတ်ပြောဆိုနိုင်သူတွေ အတွက် မဟုတ်ပဲ

( တစ်ချို့ ဆယ်တန်းအောင် ၊ ဘွဲ့ရဖြစ်နေပေမယ့် )

အခြေမခိုင်လို့ ဘယ်ရောက်ရောက် ကျောမလုံသလို

ခံစားနေရတဲ့လူတွေအတွက်

ဦးစားပေး စီစဉ် ပေးတဲ့ သင်တန်း ဖြစ်ပါတယ် ။ 🙂


👉 သဒါ္ဒ အခြေခံ အထိ ပြန်ဆင်းပြီး

အသုံးအများဆုံး စကားလုံး

၂၈၀၀ - ၃၀၀၀ ပေါ်မှာ အခြေပြန်တည်ပြီး

ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အကြောင်းအရာတွေကို

အရိုးရှင်းဆုံး စာကြောင်းလေးတွေနဲ့

ယုံကြည်မှု ရှိရှိ မှန်မှန်ကန်ကန် ပြောဆိုရေးသားနိုင်ဖို့

ရည်ရွယ် သင်ကြားပေးမှာ ပါ ။

( ကျွန်တော်က သဒါ္ဒအစွန်းရောက်တဲ့

Grammar Nazi တစ်ယောက် မဟုတ်ပေမယ့်

သဒါ္ဒရဲ့ အေရးပါမှုကို တေလးတစား လက္ခံထားသူ

တစ်ယောက်ဖြစ်ပါတယ် ။ )


👉 သဒါ္ဒ ဆိုတာက သိပြီး တတ်ပြီးသူတွေ အနေနဲ့သာ

ဘာမှ သိပ် အရေးမပါတော့သလို

စိတ်ထဲ ထင်နေရစေပေမယ့်

အခြေမခိုင်ခဲ့သူတစ်ယောက် အတွက်ဆိုရင် ဘာသာစကား လေ့လာရာ လမ်းခရီးမှာ

အမြဲ စိတ်မလုံအောင် ဒုက္ခ လိုက်လိုက်ပေးတတ်ပါတယ် ။

ဒီလိုလူတွေကို အခြေခိုင်သွားအောင် လုပ်ပေးချင်လို့

ဒီ အွန်လိုင်းသင်တန်းလေး စီစဉ်ပေးတာပါ ။ 🙂


📌

အွန်လိုင်း သင်တန်း ဆိုတော့ အပြင်မှာနဲ့ ယှဉ်လိုက်ရင်

အားနည်းတာတွေ ရှိသလို

အားသာတာတွေလည်း ရှိပါမယ် ။


👉 အားနည်းချက်တွေက

အပြင်မှာလို ဆရာနဲ့ ချက်ချင်း

မြန်မြန် ၊ များများ လေ့ကျင့်လို့ မရဘူး ။

မရှင်းတာ လက်ထောင်ပြီး မေးလို့မရဘူး ။

ကိုယ့်ဘေးမှာ လေ့ကျင့်ဖော်တွေ မရှိဘူး ။

အာရုံစိုက်စိုက် မစိုက်စိုက် အတန်းထဲရောက်လာရင်တော့

မဖြစ်မနေ စာ လုပ်နေမှ ရမယ်ဆိုတဲ့

ဖိအားကောင်းမျိုး မရှိဘူး ။


👉 အားသာချက်တွေကတော့

အပြင် သင်တန်းတက်သလို

သွားဖို့လာဖို့ အချိန် ၊ ငွေ မကုန်ဘူး ။

ကိုယ့်ဘေးကလူလောက် ကိုယ်က စာမရလို့

အားငယ်ရတာမျိုး သိပ်မဖြစ်နိုင်ဘူး ။

သင်ခန်းစာ တစ်ခုကို ထပ်တလဲလဲ

အကြိမ်ပေါင်းများစွာ ပြန် နားထောင်လို့ရမယ် ။

လေ့ကျင့်ခန်းတွေ ဖြေတဲ့အခါ

( နည်းပညာ ကို အခြေခံပြီး မေးရ ဖြေရတဲ့ စနစ်ကြောင့် )

ကိုယ် တကယ် ရလား မရလား ဆိုတာ

ပြတ်ပြတ်သားသား သိရမယ် ။

( အျပင္မွာက တစ္ခါတေလ

အများနဲ့ ဝါးချလို့ ရနေတတ်တယ် ) စသဖြင့်ပေါ့လေ ။

ဒီတော့ အွန်လိုင်းသင်တန်း တက်မလား ?

အပြင်သင်တန်း တက်မလား ? ဆိုတာကို

အေးအေးဆေးဆေး စဉ်းစား ရွေးချယ်စေချင်ပါတယ် ။ 😉


📌

ကျွန်တော့် ကို ၊ ကျွန်တော့် သင်တန်းကို

ဒီစာဖတ်ဖူးမှ စသိတဲ့လူတွေကိုတော့

အခု ဒီ အွန်လိုင်းသင်တန်းကို

ချက်ချင်း တန်းပြီး မတက်စေချင်ဘူး ။

ကျွန်တော့် Active English သင်တန်း Page မှာ

👉 ကျွန်တော်ရေးထားတဲ့ ဆောင်းပါးလေးတွေ ၊

👉 အခမဲ့ သင်ပေး မျှဝေပေးထားတဲ့

သင်ခန်းစာလေးတွေ ကို အရင်လိုက်ဖတ်လိုက်ပြီး ...

ကျွန်တော့် စိတ်နေစိတ်ထား ၊

ပြောဟန် ဆိုဟန်ကို လေ့လာပြီးမှ

ဒီ အွန်လိုင်း သင်တန်းမျိုး ကို တက် စေချင်ပါတယ် ။ 🙂


ကျွန်တော် ရေးပေးခဲ့ဖူးတဲ့ ဆောင်းပါး အချို့ ကို ဖတ်ကြည့်ချင်ရင်

Page ရဲ့ Message Box

👉 https://m.me/active.grammar 👈 ကို

Article လို့ စာပို့ထားလိုက္ပါ ...

ပို့ပေးလိုက်ပါ့မယ် ... 🙂

( ကျွန်တော်က တပည့်တွေကို ချော့ပေါင်းတတ်တဲ့ ၊

ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်ချမ်းသာအောင်

မကြာခဏ ချီးကျူးပေးတတ်တဲ့

ဆရာမျိုးထဲ လုံးဝမပါလို့ပါ )


👉 ကိုယ့်ဟာကိုယ် လုပ်တတ်အောင် သင်ပေးထားပြီး ၊

လုပ်ဖြစ်အောင်လည်း အမြဲ မောင်း မောင်းတင်တတ်တော့

ဆရာ့အပေါ်ကိုသာ အရမ်းမှီခိုချင်လွန်းသူတစ်ချို့ က

ကျွန်တော့် သင်ပုံနဲ့ ကိုက်မှာ မဟုတ်ပါဘူး ။


👉 တကယ့် ဘဝမှာ

တော်ရုံ အရည်အချင်းလောက်နဲ့ ချီးကျူးခံရမှာ မဟုတ်ပဲ

အဲ့လို အသိအမှတ်ပြု ခံရဖို့

အတော်လေးကို ကြိုးစား အားထုတ်ရမယ် ဆိုတဲ့

ခံယူချက် နဲ့ အလေ့အကျင့်ကို ရစေချင်လို့

တကယ် အားထုတ်ထားတယ်လို့ ယူဆရတဲ့ အချိန်မှာပဲ

ကျွန်တော်က ချီးကျူးပေးတတ်တာမျိုးပါ ။

ဒဲ့ ပြောရရင်တော့ အမှီအခို ကင်းနိုင်သမျှ ကင်းအောင် ၊

စိတ်ကို မာနိုင်သမျှ မာ လာအောင် သင်တယ်ပေါ့ဗျာ ။

ဒီတော့ ကျွန်တော်သင်တာကို

ကြိုက်တဲ့လူ တစ်ချို့လည်း အတော် ကြိုက်ပေမယ့်

မကြိုက်တဲ့လူတွေလည်း ရှိတာပါပဲ ။ )


📌

အပေါ်မှာ အစ ပြုပြောထားသလိုပဲ

ဒီသင်တန်းက သဒါ္ဒ အခြေခံကို ဦးစားပေးသွားမှာပါ ။

> ဝါစင်္ဂ ၈ မျိုး ( ဒါမှမဟုတ် ) ၉ မျိုး ကို

အခြေခံ အဆင့် ပိုင်ပိုင်နိုင်နိုင် သိသွားအောင် ၊

> အရေးကြီးတဲ့ စာကြောင်း တည်ဆောက်ပုံ နည်း စနစ်တွေ ၊

စည်းမျဉ်းတွေကို သေသေချာချာ သိသွားအောင် ၊

> အသုံး အများဆုံး Tenses တွေကို သေချာ နားလည် သဘောပေါက်သွားအောင် ၊

> အခြေခံ မခိုင်တဲ့ လေ့လာသူတွေ

အများဆုံး မှားလေ့ရှိတဲ့ အမှားတွေကို ရှောင်နိုင်အောင်

အတတ်နိုင်ဆုံး စနစ်တကျ သင်ကြား

လေ့ကျင့်ပေးသွားမှာပါ ။ 🙂


❗️သိရုံ နားလည်ရုံ သင်မှာမဟုတ်ပဲ

ကိုယ်တိုင် အသုံးချနိုင်အောင်

စာနဲ့တင် မက Audio/Video သင်ခန်းစာတွေနဲ့ ပါ

ကျင့်ပေးသွားဦးမှာမို့လို့

သေချာလိုက်ကြိုးစားတယ် ဆိုရင်

ဒီ သင်တန်းပြီးရင် အခြေခံ အတော်လေး ခိုင်သွားမယ်လို့ ယူဆပါတယ် ။


❗️❗️❗️သဒါ္ဒ အခြေခံ ခိုင်ပြီးသား ၊

စာကြောင်း ရှည်ရှည် လှလှပပ တွေ ရေးသားချင်လို့ ၊

အဆင့်ထပ်မြှင့်ချင်တဲ့ လူတွေအတွက် ရည်ရွယ်တဲ့

Intermediate or Advanced Grammar သင်တန်းမျိုး

လုံးဝ လုံးဝ မဟုတ်တာလေး သတိထားပေးပါ ။ ❗️❗️❗️


📌

သင်တန်းကာလ က ၂ လ ကြာပါမယ် ။

အဓိက သင်ခန်းစာတွေကို

တစ်ပတ်ကို ၃ ရက် ( တနင်္လၤာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ) သင်ပေးသွားပြီး

ကြားရက်တွေမှာ လေ့ကျင့်ခန်းတွေ ၊

ဖြည့်စွက် သင်ခန်းစာတွေ ထပ်ပြီး တင်ပေးနေမှာပါ ။

သင်တန်းကာလ အတွင်းမှာရော

သင်တန်းကာလ ပြီးသွားရင်ရော

သင်ခန်းစာအဟောင်းတွေကို

ကိုယ် အဆင်ပြေတဲ့ နေ့ / အချိန်တွေမှာ

ပြန် လေ့လာနေနိုင်မှာပါ ။

အများနဲ့ အတူ အချိန်ကိုက် လေ့လာနိုင်ရင်တော့

ပိုကောင်းတာပေါ့ဗျာ 🙂


သင်ခန်းစာတွေ ကြည့်ဖို့ ၊ လေ့ကျင့်ဖို့က

Facebook Group / Messenger

ကောင်းကောင်း သုံးတတ်ရင် ရပါပြီ ။

Website နဲ့ Mobile Application တစ်ချို့ပါ

သုံးတတ်ရင်တော့

အပို ဖြည့်သင်ပေး ၊ လေ့ကျင့်ပေးတာတွေပါ ပို ရမှာပေါ့ဗျာ ။

( သိပ္ခက္တာမွ မဟုတ္တာ ၊

နည်းနည်းလေးပဲ အားစိုက်လိုက်ပါ ၊

နောင် တခြား လေ့လာစရာတွေ အတွက်လည်း

လမ်းကြောင်းတွေ ပွင့်သွားတာပေါ့ဗျာ 😉 )


စာလည်း အတော် ရှည်ပါပြီ ။

ဒီ အထိပြီးအောင် ဖတ်သူလည်း နည်းပါလိမ့်မယ် ။

ဖတ်ဖြစ်ရင်တော့ စာဖတ်သူ နဲ့ ကျွန်တော် နဲ့

ရေစက်လေး နည်းနည်း ပါလို့ ဖြစ်ပါလိမ့်မယ် ။

🙂


အကြောင်း ပေါင်းများစွာ တိုက်ဆိုင်ခဲ့ရင်တော့

စာဖတ်သူ မှာ ရှိနေတဲ့ ဘာသာစကား အခက်အခဲကို

ကျွန်တော် တတ်နိုင်သလောက် ကူညီ ကြည့်တာပေါ့ဗျာ ။

( စာဖတ်သူ ဘက်က အခြေအနေတွေကို မသိလို့

အဆင်ပြေမယ် မပြေဘူး ၁၀၀% အာမမခံနိုင်ပေမယ့်

ကျွန်တော့် ဘက်ကတော့

အကောင်းဆုံး ကြိုးစားသင်ပေးပါ့မယ် ) 🙂


❗️❗️❗️

ကျွန်တော် ပြန်ချုံ့ပြောပေးပါ့မယ် ။


👉 သင်တန်း နာမည်က -

Active Grammar အွန်လိုင်းသင်တန်း ပါ ။


👉 သင်တန်းကာလ က - ၂ လ ပါ ။

Facebook ပေါ်ကေနပဲ အဓိက သင္မွာပါ ။

( ၂ လပြီးသွားရင်လည်း ဆက်လေ့လာလို့ရအောင်

သင်ခန်းစာတွေကို မဖျက်ပဲ ဆက်ထားပေးထားပြီး

တစ်ခါတလေ လေ့ကျင့်ခန်း ၊ သင်ခန်းစာအသစ်တွေ လာတင်ပေးပြီး 

စာပြန်နွှေးပေးလေ့ရှိပါတယ် ) 🙂


👉 သင်တန်းကြေးက ၂ သောင်းပါ ။

ကိုယ်နဲ့ အတူတွဲလေ့ကျင့်မယ့်

အဖော် တစ်ယောက်နဲ့ တွဲအပ်ရင်

၂ ယောက်ပေါင်း ၄ သောင်းအစား

၃သောင်းခွဲပဲ ပေးရပါမယ် ။

( တွဲပြီး လေ့ကျင့်မယ့် အဖော် ရှိစေချင်လို့ပါ ။

အွန်လိုင်းပေါ်ကနေလည်း လေ့ကျင့်ဖော် ရသွားနိုင်ပေမယ့်

အပြင်မှာ တကယ်ပေါင်းနေတဲ့ သူငယ်ချင်းဆိုရင်

လေ့ကျင့်ရတာ ပို အဆင်ပြေတာပေါ့ဗျာ )


📌

အဓိက သင်သွားမှာတာတွေက ဒါတွေပါ ။

👉 ဝါစင်္ဂ ၈ မျိုး ( ဒါမှမဟုတ် ) ၉ မျိုး ကို

အခြေခံ အဆင့် ပိုင်ပိုင်နိုင်နိုင် သိသွားအောင် ၊

👉 အရေးကြီးတဲ့ စာကြောင်း တည်ဆောက်ပုံ

နည်း စနစ်တွေ ၊ စည်းမျဉ်းတွေကို

သေသေချာချာ သိသွားအောင် ၊

👉 အသုံး အများဆုံး Tenses တွေကို

သေချာ နားလည် သဘောပေါက်သွားအောင် ၊

👉 အခြေခံ မခိုင်တဲ့ လေ့လာသူတွေ

အများဆုံး မှားလေ့ရှိတဲ့ အမှားတွေကို ရှောင်နိုင်အောင်

လိုအပ်တဲ့ အခြေခံ သိသင့်သိထိုက်တာတွေကို

ရှင်းပြ သင်ပြမယ့်အပြင်

👉 Audio - Video ( ရုပ် ၊ အသံ ) တွေနဲ့ပါ

ထပ်ပြီး လေ့ကျင့်ပေးသွားမှာပါ ။ 🙂


📌

အပိုဆောင်း အနေနဲ့

မိတ်ဆက် သဘော သင်ပေးသွားမှာတွေက ...

👉 စကားလုံး တစ်လုံးကို ခေါင်းထဲစွဲအောင် ၊

ပြန် အသုံး ချနိုင်အောင်

" ဆရာလွတ် " စနစ်တကျ လေ့လာနည်းတွေ ၊

👉 နည်းနည်းကျက်ပြီး များများရအောင် ပွားယူနည်းတွေ

👉 အသံထွက် အတန်အသင့် အဆင်ပြေအောင် ၊

ကောင်းအောင် အခြေခံ က စပြီး

သတိထားရမယ့် အချက်တွေ ...

စတဲ့ ဘာသာစကား လေ့လာနည်းဆိုင်ရာ

အကြောင်းအရာတွေသာမက ...


📌

👉 ကိုယ္လိုခ်င္တဲ့ အရာတစ္ခုခုကို

စနစ်တကျ အစီအစဉ် ဆွဲပြီး ရယူနိုင်မယ့် နည်းစနစ်တွေ

👉 လုပ်ချင် ကိုင်ချင် ကြိုးစားချင်စိတ် နည်းနေတဲ့

ကိုယ့်ကိုယ်ကို

ဘယ်လို ထိမ်းကြောင်း ပြုပြင်နိုင်မလဲ ဆိုတာတွေ

👉 အလုပ်အကိုင်ကောင်း ရအောင် ၊

လုပ်ငန်းကောင်း တစ်ခု တည်ဆောက်နိုင်အောင်

ဘယ်လို စနစ်တကျ အစီအစဉ်ချ ကြိုးစားသင့်တယ်ဆိုတဲ့

ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ

အကြောင်းအရာတွေကိုပါ

ထည့် ဆွေးနွေးပေးသွားပါမယ် ။

( အျပင္မွာ - Personal Development -

ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး သင်တန်း

သီးသန့် တက်သလောက် မဟုတ်ပေမယ့်

အတန်အသင့်တော့ အကျိုးရှိသွားစေရမယ် ၊

လက်ရှိ အနေအထားထက် တိုးတက်ဖို့ အတွက်

ဘာလုပ်ရမလဲ ဆိုတဲ့

အတွေးစ တစ်ချို့ ပွင့်သွားမယ်လို့ အာမခံပါတယ် )


👉

ဆရာ့ဘက်က သင်ပေးတဲ့

သင်ကြားရေး စုစုပေါင်း ကြာချိန် - နာရီ ၂၀ လောက် ရှိပါတယ် ။

အဲ့ဒီ ကြာချိန်ထဲမှာ သင်တန်းသား ဘက်က

ကိုယ့်ဘာသာ လေ့ကျင့်ခန်း လုပ်ရတဲ့ အချိန်

ထည့်မတွက်ထားသေးပါဘူး ။

🙂


❗️❗️❗️

သင်တန်းတက်သူတွေ အနေနဲ့

အခု အွန်လိုင်းသင်တန်းက

သင်ကြားရေး ရုပ်သံ တွေ ၊ သင်ခန်းစာတွေကို

ခွင့်ပြုချက်မတောင်းပဲ

စီးပွားဖြစ် ဖြန့်တာမျိုး

( ဒါမှမဟုတ် ) နာမည်ကောင်းရဖို့ တဆင့် ဖြန့်တာမျိုးတွေ

မလုပ်ကြပဲ ...

ကျွန်တော်တို့ ဆရာတွေဘက်က ပေးရတဲ့ အချိန် ၊

ငွေ နဲ့ ပညာ အရင်းအနှီး ကို

တန်ဖိုး တစ်ခု ထားကြမယ်လို့တော့ မျှော်လင့်ပါတယ် ...

🙂


📌

သင်တန်း တက်ဖြစ်မယ် ဆိုရင်

ဘဏ်ကနေ ငွေလွှဲရမှာ ဖြစ်ပြီး

ပြီးရင် Facebook Page - Message Box မှာ

ငွေလွှဲပြီး ကြောင်း သက်သေ နဲ့

အမည်စာရင်း ( ဖုန်းနံပါတ် ) လာပေးရမှာ ဖြစ်ပါတယ် ။

စာပို့တဲ့ အခါ Active Grammar လို့

ခေါင်းစဉ် တပ်ပေးရပါမယ် ။

( စာ အဝင်အထွက်များလို့ ပြန်ရှာရလွယ်အောင်ပါ )

အဲ့ဒီ အခါ သင်တန်းသား ဖောင်ကို ပြန်ပို့ပေးမှာ ဖြစ်ပြီး

ဖောင် ဖြည့်ပြီးပြီဆိုရင်

သက်ဆိုင်ရာ Facebook Group ထဲ

ထည့်ပေးလိုက်မှာ ဖြစ်ပါတယ် ။


📌

ငွေလွှဲရမယ့် အကောင့်တွေ ကတော့ ဒီ အကောင့်တွေပါ ။

ဘဏ် အတော်များများ က တဆင့် ၊

Wave Money / KBZ Pay က တဆင့် လွှဲနိုင်ပါတယ် ... 🙂


👉 KBZ Bank

U Myo Zin Lwin & Daw Moe Thu Hlaing

042-502-04200-673-901 👈


👉 KBZ Pay = 09-4439-49-220 👈


👉 CB Bank ( Daw Moe Thu Hlaing )

001-660-080-000-5436 👈


👉 CB Pay = 001-660-080-000-5436 👈


👉 AYA Bank ( Daw Moe Thu Hlaing )

004-522-301-000-6945 👈


👉 YOMA Bank ( Daw Moe Thu Hlaing )

001-445-175-000-273 👈


👉 MAB Bank ( Daw Moe Thu Hlaing )

061-016-1061-00-252-0022 👈


👉 UAB Bank ( Daw Moe Thu Hlaing )

022-130-1000-22-632 👈


👉 AGD Bank ( Daw Moe Thu Hlaing )

324-030-1000-7500-12 👈


👉 AGD Pay ( Daw Moe Thu Hlaing )

324-030-2000-0400-15 👈


👉 Wave Money

09-764-541-001 👈


📌

လွှဲတဲ့ အကြောင်းအရာမှာ

" Active Grammar " လို့ ရေးပေးထားပါ ။ 🙂

ဒီ အတိုင်းရေးပေးရင် ပိုအဆင်ပြေပါတယ်ခင်ဗျာ ... 🙂


👉

Active Grammar - လွှဲသူအမည် - ဖုန်းနံပါတ်

ဥပမာ -

< Active Grammar - Ko Zin - 09252274890 >

မရှင်းတာ ၊ ထပ်သိချင်တာရှိရင်

☎️  09 4010 91 800 / 

☎️ 09 4010 91 900

တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ ။

🙂


စေတနာဖြင့်

#ကိုဇင်ဇေ

ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင်

အရောက်လှမ်းနိုင်ကြပါစေ .... 😇


~~~~~~~~~~~~~~

ဒီစာ ဖတ်မိတဲ့ လေ့လာသူတွေ အနေနဲ့

ဒီလိုမျိုး အင်္ဂလိပ်ဘာသာစကားလေ့လာနည်း

အကြံပြုချက်တွေ ဖတ်ချင်ရင်

Page ရဲ့ Message Box

( 👉 https://m.me/active.grammar 👈 ) ကို

Article လို့ စာပို့ထားလိုက္ပါ ။

တခြား လေ့လာနည်း ဆောင်းပါးတွေ

ထပ်ပို့ပေးလိုက်ပါမယ် ။


🙂

လေ့လာလေ့ကျင့်ရတာ အဆင်ပြေကြပါစေဗျာ ... 🙂

image638

အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ အကြံပြုချက်များ ပါဝင်တဲ့ ဆရာကိုဇင်ဇေ ရဲ့ စာအုပ်ကို အခမဲ့ ရယူနိုင်ပါတယ်..

စာအုပ် လက်ဆောင် ဒီမှာ ယူပါ

အင်္ဂလိပ်ဘာသာစကား နဲ့ ပတ်သက်လို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် အကြံပေး လမ်းညွှန်ပေးထားပါတယ် ...

လေ့လာနည်းများကို ဒီမှာဖတ်ပါ

Copyright © 2019 Saya Zinzae - All Rights Reserved.

  • Learning Guides
  • Downloads
  • Online Classes
  • Classes-
  • Timetables
  • Online-ALC Program
  • Font Test
  • Idiom-Small fish
  • Learn Daily on Viber
  • For Children
  • Personal Development
  • LPE System
  • Goal Setting
  • Videos
  • Telephoning English