No.28,167th Street,Tamwe Township Yangon, Yangon 11211 mm

09 26 100 8186

09 26 100 8186

  • Home
  • Learning Guides
  • Downloads
  • Classes
    • Applied English
    • Young Learners Class
    • Business English
    • Grammar Foundation
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos
  • More
    • Home
    • Learning Guides
    • Downloads
    • Classes
      • Applied English
      • Young Learners Class
      • Business English
      • Grammar Foundation
    • Online Classes
    • Timetables
    • Online-ALC Program
    • Online-General Foundation
    • Online-Grammar Foundation
    • Online-EPFT-for Teeagers
    • Online-Young Learners
    • Personal Development
    • Videos
  • Home
  • Learning Guides
  • Downloads
  • Classes
  • Online Classes
  • Timetables
  • Online-ALC Program
  • Online-General Foundation
  • Online-Grammar Foundation
  • Online-EPFT-for Teeagers
  • Online-Young Learners
  • Personal Development
  • Videos

Saya Zinzae

Saya ZinzaeSaya ZinzaeSaya Zinzae

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

ကြယ်ငါးကောက်သူ တစ်ယောက် မျှသာကြယ်ငါးကောက်သူ တစ်ယောက် မျှသာ

Business English Class

Active - Business English

#ActiveEnglish မှာ တက်ခဲ့တဲ့ သင်တန်းသား ၊ သင်တန်းသူတွေ ရဲ့ တောင်းဆိုမှုကြောင့် 

ဒီ Business English တန်း ကို စ ဖွင့်ဖြစ်ခဲ့တာပါ ။ 

ဒီ အတန်းကို ကျွန်တော် ( ကိုဇင်ဇေ ) တစ်ယောက်တည်း 

အချိန်ပြည့် သင်မှာပါ ။

တစ်ပတ် မှာ ကြာသပတေး ၊ သောကြာ ( ၂ ရက် ) 

တက်ရောက်ရမယ့် သင်တန်းပါ ။

အချိန်ကတော့ ညနေ ( ၆း၃၀ - ၈း၀၀ ) ပါ ။ 

သင်တန်းကာလ ၃ လ ကြာပါမယ် ။

ဒါမှမဟုတ် တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်တည်း တက်ရပါမယ် ။

အချိန်က ညနေ ၅ နာရီကနေ ၇ နာရီခွဲ အထိပါ ။

သင်တန်းကာလ ၃ လ ခွဲ ကြာပါမယ် ။


❗️လောလောဆယ် အချိန် ၊ နေရာ အဆင်မပြေသေးလို့ 

မတက်ဖြစ်သေးလည်း

နောင် တက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ....

Business English နဲ့ပတ်သက်တဲ့ 

ဆောင်းပါးတွေ ၊ လေ့ကျင့်ခန်းတွေ 

အွန်လိုင်းပေါ် တင်ပေးတဲ့အခါ ဖတ်ပြီး 

လေ့လာကြည့်ချင်တယ်ဆိုရင် ...

Active English Page ရဲ့ Message Box 

( https://m.me/activeenglishmyanmar ) ကို

BEL လို့ ပို့ထားပေးလိုက်ပါဗျာ ... :) ❗️


🔆

အကြမ်းဖျဉ်း Pre-intermediate Level ရှိတဲ့လူတွေ နဲ့ 

သင့်တော်အောင် သင်ပေးသွားမှာပါ ။

Pre-intermediate ကနေ Intermediate လောက် အထိကို 

အတန်အသင့် အဆင်ပြေအောင် ဆွဲခေါ်သွားမှာပါ ။ 

#ActiveEnglishသင်တန်းမှာ 

Level-1 ( Elementary ) အတန်းတက်ပြီးသူတွေလည်း 

စိတ်ပါမယ် / တကယ် လိုက်လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ ။


♦️

ဒီ Business English တန်းမှာ 

အဓိက ပါဝင်မယ့် အကြောင်းအရာတွေက တော့ ဒါတွေပါ ။


၁။ ကိုယ့် အလုပ် နဲ့ တာဝန်ယူထားတဲ့ အပိုင်းတွေ 

အကြောင်း မိတ်ဆက် ဆွေးနွေးပြောဆိုတာတွေ 

< Job information >


၂။ လုပ်ငန်း တစ်ခုကိုသွားလည်ရင် / သူတို့က လာလည်ရင် 

မေးရ ဖြေရလေ့ရှိတာတွေ 

< Company Visit >


၃။ ဖုန်းနဲ့ ဆက်သွယ် ပြောဆိုတဲ့ အခါ 

ဖုန်းခေါ်တာ / လက်ခံတာ / လွှဲပေးတာ / 

အမှာစကားချန်တာတွေ 

< Telephoning >


၄။ ကိုယ့်ရဲ့ စိတ်ကူး / အစီအစဉ်တွေကို 

လူအများရှေ့မှာ ပြောဆို တင်ဆက်ရာမှာ သုံးနှုန်းရမယ့် အသုံးအနှုန်းတွေ 

< Presentations >


၅။ အစည်းအတွေး တွေ လုပ်တဲ့ အခါ စတင် ဆွေးနွေးပုံ / ဖြည့်စွက် ဆွေးနွေးပုံ / 

အမြင်မတူတာကို ယဉ်ယဉ်ကျေးကျေး ဆွေးနွေးပုံတွေ 

< Meetings >


၆။ သာမန် မိတ်ဖြစ်ဆွေဖြစ် ပေါ့ပေါ့ပါးပါး ပြောဆိုတာတွေ / 

မိတ်ဆွေဖွဲ့ အဆက်အသွယ် တည်ဆောက်တာတွေ 

< Socializing / Networking >


၇။ အလုပ် ကိစ္စ ခရီးသွားတဲ့အခါ 

သုံးနှုန်းပြောဆိုရမယ့် အသုံးအနှုန်းတွေ


၈။ အလုပ် ကိစ္စ ကို စာနဲ့ / 

Email နဲ့ အပြန်အလှန် ဆက်သွယ်ရာမှာ 

သုံးရမယ့် အသုံးအနှုန်းတွေ <<<

စတာတွေကို ဦးစားပေး သင်ကြား လေ့ကျင့် ပေးသွားမှာပါ ။


နောက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ရာမှာ 

အရေးကြီးတယ်လို့ ယူဆရတဲ့ 

- Entrepreneur နဲ့ Small Business Owner ရဲ့ ကွာခြားချက်တွေ ( အားသာချက် ၊ အားနည်းချက်တွေ ) 

- Company နဲ့ Start-up ကွာခြားချက်တွေ 

( အားသာချက် ၊ အားနည်းချက်တွေ )

- Business Plan နဲ့ Business Model ရဲ့ ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ )

- Traditional Marketing နဲ့ Digital Marketing ရဲ့ 

ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ ) 

- Digital Marketing / Online Marketing / 

Social Media Marketing /

Facebook Marketing တွေ လုပ်ပြီဆိုတာနဲ့ 

မသိမဖြစ်သိရတော့မယ့် ဝေါဟာရ အသုံးအနှုန်းတွေ

- စိတ်ဝင်စားဖို့ကောင်းတဲ့ Leadership ဟန်တွေ 

- ဆုံးဖြတ်ချက်ချရာမှာ ပိုပြီး ထိရောက်မှန်ကန်အောင် 

အသုံးပြုနိုင်တဲ့ 

Decision Making Tools တွေ ကိုလည်း ဖြည့်စွက် ဆွေးနွေးပေးသွားမှာပါ ။

( အင်္ဂလိပ် ဘာသာစကားကို အဓိကထားသင်ရမှာ ဖြစ်လို့ 

စီးပွားရေး အကြောင်း သီးသန့် သင်တာလောက်တော့ 

ပြည့်စုံမှာ မဟုတ်ပေမယ့်

အဓိက အရေးကြီးတာတွေ ခြုံမိအောင် ဆွေးနွေးပေးတဲ့ သဘောပါ ။ )


❗️အရေးကြီးတာလေး ပြောချင်တာ တစ်ခု ရှိပါတယ် ။

ကျွန်တော်က စာအုပ် တစ်အုပ်တည်း ကိုင်ပြီး 

သင်ရိုးထဲက အတိုင်း 

စာ ဆန်ဆန်ကြီး သွားမှာ မဟုတ်ပါဘူး ။

သင်ချင်သလို လျှောက်သင်မှာပါ ။

ပြန် ပြောပါမယ် ။

သင်ချင်သလို လျှောက်သင်မှာပါ ။

Cambridge University က ထုတ်တဲ့ သင်ရိုး ကနေ ယူပြီး သင်ပေးတာတွေ ရှိမယ် ။

Longman ကနေ ယူတာတွေလည်း ရှိမယ် ။

တခြား တက္ကသိုလ်တွေက ဟာတွေကို 

ကျွန်တော် ကြိုက်ရင် ကြိုက်သလို ယူသုံးတာတွေရှိမယ် ။

ကျွန်တော် နားထောင်ပြီး ကြိုက်လို့

ပြန်သိစေချင်တဲ့ ဟောပြောပွဲတွေလည်း ပါရင်ပါမယ် ။

ကျွန်တော် တက်နေတဲ့ Online သင်တန်းတွေက 

သင်ခန်းစာတွလည်း ပါရင်ပါမယ် ။

စသဖြင့်ပေါ့ ။ 

ကျွန်တော် သင်ချင် / သိစေချင်တာတွေကို 

ဒီ သင်တန်း လာတက်တဲ့ သင်တန်းသားတွေရဲ့ 

အခြေအနေပေါ် မူတည်ပြီး

လိုတိုး ပိုလျှော့ အဆင်ပြေသလို လျှောက်သင်မှာပါ ။


ဒီတော့ ကျွန်တော် လျှောက်သင်မှာကို 

ယုံကြည်တဲ့လူတွေကိုပဲ 

ဒီ သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။

- ကျွန်တော့် #ActiveEnglish သင်တန်းက သင်တန်းသား / သင်တန်းသူ ဟောင်းတွေ 

- ကျွန်တော် အပြင်မှာ စာသင်ပေးခဲ့ ဖူးသူတွေ 

- ကျွန်တော့် ဟောပြောဆွေးနွေးပွဲ တစ်ချို့ တက်ဖူးသူတွေ 

- ကျွန်တော့် စာတွေ သေချာ ဖတ်ဖူးသူတွေ စတဲ့ ... 

ကျွန်တော့် အကြောင်း အတန် အသင့် သိပြီးသားလူတွေကိုပဲ 

ဒီ #BusinessEnglish သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။


ကြီးကျယ်တာ မဟုတ်ပါဘူး ။

ကျွန်တော့် ဟန်နဲ့ မကိုက်ရင် လာတက်မိတဲ့ လူတွေ 

အချိန်ကုန် ၊ ငွေကုန် ဖြစ်နိုင်သလို

သင်တန်းထဲမှာ ကျွန်တော် လိုချင်တဲ့ ပုံစံထဲ ဆွဲသွင်းလို့ မရရင် 

အတန်း တစ်ခုလုံးက ဒီ ၂ ယောက် / ၃ ယောက် လောက်နဲ့ ထောင့်နေမှာ စိုးလို့ပါ ။  


image557

( ဒီ #BusinessEnglish သင်တန်းက 

သာမန် #GeneralEnglish သင်တန်းတွေထက်ကို 

အချင်းချင်း စည်းစည်းလုံးလုံး အပေးအယူမျှဖို့ 

သိပ် အရေးကြီးပါမယ် ။ 

အချင်းချင်း လေးလေးစားစား

ခင်ခင်မင်မင် ဆက်ဆံနိုင်စွမ်း ရှိရပါမယ် ။ 


ကိုယ်နဲ့ စကားတွဲပြောရတဲ့လူက ကိုယ့်ထက် 

နည်းနည်း အားနည်းနေတာမျိုးရှိရင်တောင်

စိတ်ရှည်ရှည် နွေးနွေးထွေးထွေးနဲ့ တွဲခေါ်သွားချင်တဲ့ စိတ်မျိုး ရှိနေဖို့လည်း လိုပါတယ် ။

လူတွေကြားထဲ ဘယ်သူ့မှ ဂရုမစိုက်ဘူး ။ 

ဘယ်သူနဲ့မှ ခင်ခင်မင်မင် နေစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ 

နေတတ်တဲ့လူမျိုးတွေ မပါလာဖို့ လိုပါတယ် ။


#AppliedEnglish တစ်ချို့ အတန်းတွေမှာ 

အဲ့လိုလူတစ်ချို့ ပါလာတာ 

ကျွန်တော် တွေ့နေရတာ 

စိတ် အနှောင့်အယှက် ဖြစ်လွန်းလို့ပါ ။

တစ်ချို့ကိုဆို ကျွန်တော် ခေါ်ပြောပြီး 

သင်တန်းကြေးပါ ပြန်အမ်းပေးလိုက်တာပါ ။


ဆရာ ကိုဇင်ဇေက အပေါက်ဆိုးတယ် ဆိုတာမျိုး ဖြစ်မှာစိုးလို့ တတ်နိုင်သလောက် ထိမ်းနေပေမယ့်

ကျွန်တော် စာသင်တဲ့ အတန်းထဲမှာ 

အဲ့လိုလူတွေ ပါလာတာ ကျွန်တော် လုံးဝ မကြိုက်ပါ ။

ကျွန်တော်က စာသင်ပြီဆိုရင် သင်တန်းသား အားလုံး မျက်နှာကို လိုက်ဖတ်ပြီး သင်ချင်တာပါ ။

အဲ့လိုလူ ပါလာတဲ့ အတန်းမျိုးဆို 

အဲ့ တစ်ယောက်ကို မကြည့်မိအောင် ထိမ်းနေရရင်း

တခြား သူတွေ အပေါ်မှာပါ ကျွန်တော် စိတ်ပါလက်ပါ 

ဆွေးနွေးသင်ကြားပေးချင်စိတ် 

ကျသွားတတ်တာမျိုးဖြစ်တတ်လို့

မနည်း ကိုယ့်စိတ်ကိုယ် ပြန် သတိထားနေတတ်လို့ပါ ။


ဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြတာပါ ။

ကျွန်တော် စာသင်နေတာ 

ပိုက်ဆံလိုချင်ရုံ သက်သက် အတွက် မဟုတ်ပါဘူး ။ 

လူတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်က 

ကူညီပေးချင်စိတ်လည်း ပါပါတယ် ။

အဲ့စိတ် ထည့်ပြီး သင်နိုင်နေတဲ့ အခါ 

သာမန် အချိန်တွေထက်ကို သင်ကြားရေးမှာ 

အများကြီး ပိုပြီး ပိုထိရောက်မှာပါ ။

ဒါကြောင့် သင်တန်းလာအပ်သူတိုင်းကိုလည်း 

သင်တန်းကြေးပေးမယ်ဆိုတိုင်း သင်တန်းအပ် လက်မခံဖို့ 

ကျွန်တော် Reception ကို မှာထားပြီးသားပါ ။ 

အတန်းထဲမှာ အဆင်ပြေလောက်မယ်ထင်တဲ့ လူကိုပဲ လက်ခံပေးမှာပါ ။

သင်တန်း အပ် လက်မခံလို့လည်း စိတ်မဆိုးပါနဲ့ ။ 

မိတ်ဆွေရဲ့ ပြုမူပြောဆို ဆက်ဆံပုံနဲ့ 

ဒီ သင်တန်းနဲ့ မကိုက်မှာစိုးလို့ ဖြစ်နိုင်သလို /

မိတ်ဆွေကို ဒီ သင်တန်း တက်စရာမလိုလောက်အောင် 

တော်ပြီးသိပြီးတတ်ပြီးသားလူလို့ ယူဆလို့ 

လက်မခံတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပါ ။


ဒီ #BusinessEnglish တန်း ကို 

ကျွန်တော်ကိုယ်တိုင် ပေါ့ပေါ့ပါးပါးနဲ့ 

တစ်တန်းလုံးလည်း စိတ်အေးအေးချမ်းချမ်း 

နွေးနွေးထွေးထွေးရှိမယ့် 

ပုံစံမျိုး မဖြစ်ဖြစ်အောင် ပုံစံသွင်းသွားချင်လို့ပါ ။


သင်တန်းကြေးကလည်း 

#GeneralEnglish ( #AppliedEnglish ) တုန်းက 

၅ သောင်းခွဲပဲ ဆိုပေမယ့်

အခု #BusinessEnglish က ၁ သိန်း ဆိုတော့ 

တစ်ချို့လူတွေ အတွက် နည်းနည်း များနေမှာ စိုးလို့ပါ ။

တခြား အတန်းတွေမှာ လို 

ကျွန်တော်နဲ့ တခြား ဆရာတစ်ယောက် 

အချိန်မျှဝင်မှာ မဟုတ်ပဲ 

ကျွန်တော် တစ်ယောက်တည်း သေချာ ဖိဖိစီးစီး သင်ပေးသွားမှာမို့လို့ 

- စာအုပ်စာတမ်း / အသံဖိုင် / ဗီဒီယိုဖိုင် / 

- Softwares , Mobile Apps တွေ / 

- Ebooks , Seminars တွေ သေချာ စီစဉ်ပေးရမှာမို့လို့ 

သင်တန်းကြေးကို ၁ သိန်း ယူထားရတာပါ ။


သင်တန်းသားဟောင်းတွေ / 

ကျွန်တော်နဲ့ ရင်းနှီးပြီးသားသူတွေထဲက 

ဒီ သင်တန်းကို တက်ချင်ပေမယ့် 

ငွေရေးကြေးရေး သိပ် အဆင်မပြေသေးရင်လည်း 

အားမနာပါနဲ့ ။

ကျွန်တော့်ကို Message Box ကနေ ကိုယ့် အခြေအနေ အရ 

တတ်နိုင်သလောက်ကို ပြောပြပြီး လာ တိုင်ပင်ပါ ။

တကယ် ပညာ လိုချင်တဲ့လူတွေ ပညာနဲ့ မဝေးအောင်တော့ 

ကျွန်တော် အတတ်နိုင်ဆုံး စီစဉ်ပေးနေကြဆိုတာ သိမှာပါ ။

တကယ် ပညာ လိုချင်ပေမယ့် 

လတ်တလော အဆင်မပြေသေးဘူးဆိုရင် 

ဒီ သင်တန်း တက်ပြီး 

ကိုယ့် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေမှ 

သင်တန်းကြေး ပြန် လာပေးရင်တောင် ရပါတယ်ဗျာ ။

🙂


အားလုံးပဲ အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ကြပါစေ ။

အင်္ဂလိပ် ဘာသာစကားလေ့လာနေရင်း 

အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ 

ရယူပိုင်ဆောင်နိုင်ပါစေဗျာ ။

🙂


စေတနာဖြင့်

#ကိုဇင်ဇေ 


#ActiveEnglishသင်တန်း

Phone: 09 26100 8186 / 09 4311 5202 / 

09 25000 5174

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။


image558

Classes

Applied English ( Speaking & Listening )

Applied English ( Speaking & Listening )

Applied English ( Speaking & Listening )

image559

အင်္ဂလိပ် ဘာသာစကားစွမ်းရည်တင်မက

ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ 

ဗဟုသုတတွေကိုပါ ပေါင်းစပ်သင်ကြားပေးနေတဲ့ ၊ 

Listening နဲ့ Speaking ကို 

ဦးစားပေး လေ့လာလိုသူများအတွက်

☆ Applied English Class ☆

ဒီမှာ ဆက်ဖတ်ပါ :)

Business English

Applied English ( Speaking & Listening )

Applied English ( Speaking & Listening )

image560

အင်္ဂလိပ်စာတင်မက ပြင်ပ 

စီးပွားရေး ဗဟုသုတတွေ ၊ 

ဟောပြောပွဲတွေကိုပါ ထည့်သွင်းသင်ကြားပေးနေတဲ့ ...

စီးပွားရေး လုပ်ငန်းသုံး အကြောင်းအရာ 

ဆယ်မျိုးကို ဦးစားပေး သင်ကြားပေးသွားမယ့် 

Business English Class

ဒီမှာ ဆက်ဖတ်ပါ :)

Young Learners Class

Applied English ( Speaking & Listening )

Grammar Foundation Class

image561

မိမိရင်သွေးကို

ငယ်ငယ်ရွယ်ရွယ် ကတည်းက 

အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့

အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး

အခက်အခဲ မရှိစေလိုတဲ့ 

မိဘများအတွက်

"Young Learners Class" 

ဒီမှာ ဆက်ဖတ်ပါ :)

Grammar Foundation Class

Active grammar - online class

Grammar Foundation Class

image562

သဒါ္ဒ အခြေခံ အားနည်းလွန်းသူတွေ 

အဆင်ပြေစေဖို့ အတွက် 

အခြေခံ မသိမဖြစ် အသုံးအဝင်ဆုံး 

စည်းမျဉ်းစည်းကမ်းတွေကို 

ခွဲထုတ်ပြီး အသေးစိတ် 

အထပ်ထပ် လေ့ကျင့် သင်ကြားပေးနိုင်ဖို့ 

ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့

Grammar Foundation Course 

ဒီမှာ ဆက်ဖတ်ပါ :)

Active grammar - online class

Active grammar - online class

Active grammar - online class

image563

အပြင်မှာ သင်တန်းလာတက်ဖို့ 

အချိန် ၊ နေရာ အဆင်မပြေသူများ

အဆင်ပြေစေဖို့ အတွက် 

အခြေခံ မသိမဖြစ် အသုံးအဝင်ဆုံး 

သဒ္ဒါ စည်းမျဉ်းစည်းကမ်းတွေကို 

ခွဲထုတ်ပြီး အသေးစိတ် 

အထပ်ထပ် လေ့ကျင့် သင်ကြားပေးနိုင်ဖို့ 

ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့

Active Grammar - Online Class

ဒီမှာ ဆက်ဖတ်ပါ :)

Mobile app - Book - Download

Active grammar - online class

Active grammar - online class

image564

သင်တန်းမတက်ဖြစ်သေးရင်တောင် 

တကယ် စိတ်အားထက်သန်မှုရှိတဲ့

 လေ့လာလိုသူတွေအတွက်

စေတနာနဲ့ အခမဲ့ ဖြန့်ချီပေးထားတဲ့ / 

Video သင်ခန်းစာတွေ ၊ လေ့ကျင့်ခန်းတွေ ပါဝင်တဲ့ 

အင်္ဂလိပ်ဘာသာစကားလေ့လာရေး 

အထောက်အကူပြု

Mobile Application နဲ့ စာအုပ် 

ဒီမှာ Download ယူပါ :)

Copyright © 2019 Saya Zinzae - All Rights Reserved.

  • Learning Guides
  • Downloads
  • Online Classes
  • Classes-
  • Timetables
  • Online-ALC Program
  • Font Test
  • Idiom-Small fish
  • Learn Daily on Viber
  • For Children
  • Personal Development
  • LPE System
  • Goal Setting
  • Videos
  • Telephoning English